မီးမပျက်ရင်ကို ဝမ်းသာနေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆုံးရှုံးလာတဲ့ အခွင့်အရေးများ
ကိုယ်တွေရဲ့ ပျော်ရွှင်မှုတွေဟာ တဖြည်းဖြည်း အပေါစားဆန်လာတယ်။
မီးလာရင်ပျော်ရတယ်။ အပြင်သွားလို့ အစစ်အဆေး အလုပ်မခံရရင် ပျော်ရတယ်။ အင်တာနက်ကလေး လိုင်းနည်းနည်း ကောင်းလာရင် ပျော်လာတယ်။ ဆီစျေးလေး နည်းနည်း ကျလာရင် ပျော်တတ်လာတယ်။
ရုံးကိစ္စ သွားလို့ စာရေးက မရစ်ရင် ပျော်ရတယ်။ ကိုယ်ဘာမှ မလုပ်ထားပဲ အစစ်အဆေး ခံရရင်တောင် ပြသနာမရှာပဲ လွှတ်ပေးလိုက်တာကိုပဲ သက်ပြင်းချပြီး ပျော်ရပြန်တယ်။ ညဘက် ကိစ္စရှိလို့ နည်းနည်းလေး နောက်ကျသွားလို့ အိမ်အပြန် အေးချမ်းရင် ပျော်လာတတ်ပြီ။
ဒီအပျော်တွေက တကယ့် ပျော်ရွှင်မှု အစစ်တွေလား၊ တကယ်တော့ ဒါတွေဟာ သာမန် လူသားတစ် ယောက်အတွက် ခေါင်းထဲထည့်စရာတောင်မလိုပဲ ရရှိနေပြီးသား အခွင့်အရေးသေးသေးလေးတွေပဲ ရှိပါသေးတယ်။
တခြား နိုင်ငံသားတွေအတွက် ဒါဟာ ရပိုင်ခွင့်လို့တောင် မခေါ်ရလောက်တဲ့ အခြေအနေလေးတွေ။ တဖြည်းဖြည်းနဲ့ ဒီနိုင်ငံသားတွေဟာ လူဖြစ်ရှုံးလာကြတယ်။ အဲ့လူဖြစ်ရှုံးတဲ့ အချင်းချင်းထဲကိုမှ သာသာယာယာ နေပြီး အဆင်ပြေသေးပါတယ်လေဆိုတဲ့ လူတန်းစားက သပ်သပ်ရှိတယ်။
တကယ်တော့ အားလုံးက အတူတူပါပဲ။ မြုပ်မယ့် လှေထဲက လူတွေလိုပဲ မြုပ်ရင် အားလုံး သေမှာ… မမြုပ်အောင် ကြိုးစားနေရတဲ့ လူတစ်စု နဲ့ပဲ ဆိုင်တာ မဟုတ်… ” ခြင်းတောင်းထဲက ငါးတွေလိုပဲ အကုန်လုံး အစားခံရမှာပဲ…အိုးထဲ စောစော ရောက်တာနဲ့ နောက်ကျ ရောက်တာပဲ ကွာပါတယ်”
ခြင်းတောင်းထဲက ရုန်းထွက်ဖို့ ကြိုးစားခြင်းကသာ လွတ်မြောက်ဖို့ အခွင့်အရေးရှိတော့တယ်… ဒီနိုင်ငံမှာ မွေးဖွားခြင်း နဲ့ သေဆုံးခြင်းထက်ပိုတဲ့ ” လူ လူ သူ သူ တူ တူ တန် တန် နေ ဖူး သွား ချင် ပါ တယ် ”
ဒီလောက်လေးပဲ မျှော်လင့်ပါတယ်…
Sanomia | By sayarsan