နေအရမ်းပူနေပေမယ့် တထုပ် (၂၀၀) တန် မြေပဲဆားလှော်လေးတွေကို ကုန်အောင်ရောင်းနေရတဲ့ အဖိုး
နေပူပေမယ့် ဒါတွေ ကုန်မှ…မိသားစု ထမင်းစားရမှာ သားရယ်
အဘ အသက် (၆၀)နှစ် သိမ်ဖြူလမ်း မီးပွိုင့်လေးမှာ မြေပဲဆားလှော်တွေ…နေ့ခင်း (၁)နာရီလောက်…ပွိုင့်မိတုန်း နေပူတည်း တစီးပြီ တစီး လိုက်ရောင်းရှာတယ်။
အဘရေ…လာပါအုံး…ဘယ်လိုရောင်းတုန်း၊ တထုပ် – ၂၀၀ပါ သားရယ်… တထောင်ဖိုး ၇ ထုပ်ပဲ ပေးပါ သားရယ်။ ဟုတ် အဘ…နေအရမ်း ပူတယ်နော်…ဒါတွေ ကုန်မှ ပြန်ရမှာလား
ဟုတ်တယ် သားရယ်…နေပူပေမယ့် ဒါတွေကုန်မှ မိသားစု ထမင်းစားရမှာမလို့ပါ၊ ဪ…ဟုတ် ဒါတွေ အကုန်ဆို ဘယ်လောက်ရှိလဲ အဘ။ သားရယ်….(၁)သောင်းလောက်တော့ ရှိမယ် သား
ဟုတ် အဘ…ရော့ ၄၀၀၀၀ ကျပ် …နေပူတယ် အိမ် ပြန်တော့ အဘ။ ဟာ…တကယ်လား သား…ဒါတွေ အကုန်ရောင်းထွက်သွားပြီပေါ့။ ဒါပေါ့ အဘရဲ့… နေအရမ်းပူတယ်…ဒီနေ့တရက်တော့ အိမ်အစောကြီး ပြန်နားနော်
ကျေးဇူးပါ သားရယ်…တကယ်ပါ အကုန်ရောင်းရမယ် မထင်ထားဘူး။ ဟုတ် အဘ…ဂရုစိုက်ပြန်ပါနော်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဘကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ …ဒီနေ့ တရက် အဖိုး အိမ်အပြန်မှာ ခြေလှမ်းလေး တက်ကြွစွာ ပြန်ရတာ မြင်တော့…ပီတိဖြစ်ရတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ