တောင်ဒဂုံမှာ မြေဂရန်အတုထုတ်ပြီး လုပ်စားနေတဲ့ လူလိမ်ဂိုဏ်းနဲ့ မြေဂရန်အတုအစစ် စစ်ဆေးနည်း

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ အမည်ပေါက် အချက်အလက်မှန် အပြည့်အစုံနဲ့ မြေဂရန် ပါမစ်အတု ထုတ်ပြီး ကျပ်သိန်းရာကျော်တန် မြေကွက်တွေကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးနဲ့ ပွဲစားတွေပူးပေါင်းပါဝင်တဲ့ လူတစုက အုပ်စုဖွဲ့ပြီး ရောင်းချနေတယ်လို့ မြို့နယ်အတွင်း နေထိုင်သူတွေက ပြောပါတယ်။

ပါမစ်အတုထုတ်ပြီး ရောင်းချတဲ့နေရာမှာ အိုးအိမ်ဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်း၊ စည်ပင်ဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပွဲစား တို့ပါဝင်ကာ အုပ်စုလိုက်ဖွဲ့ပြီး လိမ်လည်ရောင်းချမှု ရှိနေတာပါ။ အဆိုပါလိမ်လည်ရောင်းချမှုကြောင့် နစ်နာခဲ့ရတဲ့သူတွေရဲ့ အရေအတွက်ကလည်း အခုနောက်ပိုင်း ပိုများလာတယ်လို့ တောင်ဒဂုံမြို့နယ်အတွင်း နေထိုင်သူတွေက ဆိုပါတယ်။

တောင်ဒဂုံမြို့နယ်မှာ နှစ် ၂၀ ကျော် နေထိုင်ခဲ့တဲ့ သူတဦးက “ရပ်ကွက်တွေထဲမှာ ပိုင်ရှင်က လာမကြည့်ဘဲနဲ့ ထားထားတာ နှစ် ၂၀၊ ၃၀ နီးပါးရှိတဲ့ မြေကွက်တွေ ရှိတယ်။ အဲဒီအကွက်တွေကို အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီးတော့ ခြံစည်းရိုး၊ အုတ်တိုင်ခတ်ပြီး ရောင်းတာ။ အဲ့မှာ ပြောစရာ ထပ်ရှိတာက အိုးအိမ်က မူရင်းထုတ်ပေးတဲ့ ပါမစ် အမည်ပေါက်မှာ ပါရှိတဲ့ အချက်အလက်တွေနဲ့ တပုံစံတည်း နောက်တစောင် ထပ်ထုတ်ပြီးတော့ သူတို့က ရောင်းတာ။

ဒါပေမဲ့ သိတာတဲ့ အချက်အလက်တခုက ဓာတ်ပုံကို စစ်ကြည့်မှ သိတာနော်။ ဘာလို့သိတာလဲဆို အဲ့ဒီ့ မြေကွက်ပါမစ်တွေကို ထုတ်ပေးတဲ့အချိန်က ၁၉၉၆၊ ၁၉၉၇ ခုနှစ်တုန်းက ထုတ်ပေးထားတာ။ အဲဒီအချိန်တုန်းက ဓာတ်ပုံစာရွက်အသားက အမှောင်ခန်းထဲမှာ ဖလင်ဆေးပြီး ကူးရတဲ့ ဓာတ်ပုံစာရွက်သားပေါ့။ ဒါပေမဲ့ သူတို့ ထုတ်ပေးတာက အဲဒီလိုပုံစံမျိုး မဟုတ်ဘဲနဲ့ ကာလာပရင်တာနဲ့ ပြန်ထုတ်ထားတာ။ ဒါကို ဓာတ်ပုံသမားလောက်ပဲ သိနိုင်တာနော်။

ဒီအကွက်တွေကို ထုတ်ရောင်းတာက အိုးအိမ်ဦးစီးဌာနက အငြိမ်းစားဝန်ထမ်း၊ စည်ပင်ဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပွဲစားတွေပါတယ်။ သူတို့က အုပ်စုလိုက် ဖွဲ့ပြီးတော့ ပေါင်းပြီးတော့ ပါမစ်အတုတွေ ထုတ်ပြီး ရောင်းစားနေတာ။ အလိမ်ခံလိုက်ရတဲ့သူတွေ အများကြီးဘဲ။ သိန်းကို ရာနဲ့ချီပြီး ရှိစုမဲ့စု စုဆောင်းထားတဲ့ သူတွေလည်း အလိမ်ခံရတဲ့အထဲမှာ ပါသွားကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနဲ့ နီးစပ်တဲ့သူတဦးကလည်း “ကျနော်နဲ့သိတဲ့ ပွဲစားကြီးတွေကို မေးကြည့်တော့ အဲဒီအုပ်စုလိုက်ဖွဲ့ထားတဲ့သူတွေက ရပ်ကွက်တိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အပိုင်ပေါင်းထားတာ။ သူတို့အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မြေကွက် တကွက်အတွက် သိန်း ၅၀ လောက် ပေးပစ်တာနော်။ အိုးအိမ်က သူကို သိန်း ၂၀ လောက်ပေးတယ်။ စည်ပင်ကသူကို ၁၀ သိန်း ပေးလိုက်တယ်။ အဲဒီလိုမျိုးနဲ့ သိန်း ၁၀၀ လောက် အမ်းပစ်လိုက်တာ။

ပြီးတော့ သူတို့က မြေတကွက်ကို သိန်း ၃၀၀ လောက်နဲ့ ထုတ်ရောင်းတာ ဆိုတော့ သူတို့အတွက် သိန်း ၂၀၀ လောက် ကျန်တာပေါ့နော်။ ဒီပြဿနာက ဒီ ၂ လ၊ ၃ လ အတွင်းမှာ ခပ်စိပ်စိပ် ဖြစ်လာတာ။ အမှန်တကယ်က ရပ်ကွက်တွေထဲမှာလည်း ပွဲစားတွေ ရှိတာပဲလေ။ ဒါပေမဲ့ ပွဲစားတွေကလည်း အဲဒီအုပ်စုလိုက်ဖွဲ့ပြီး လိမ်နေတဲ့သူတွေ ရောင်းတဲ့ အကွက်တွေကို သူတို့ မပြောရဲဘူး။

ဘာလို့ဆို သူတို့အတွက် အန္တရာယ်ရှိတာကိုး။ ဒါကြောင့် သူတို့ကလည်း မသိချင်ယောင်ဆောင်နေရတယ်။ တကယ်လို့ တောင်ဒဂုံဘက်မှာ အိမ်ဆောက်ဖို့အတွက် မြေကွက် ဝယ်မယ်ဆိုရင် မစဉ်းစားသင့်တော့ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း အလိမ်ခံလိုက်ရတဲ့သူတွေက တောင်ဒဂုံမြို့နယ်ရဲစခန်းမှာ ဂရန်အတုမြေကွက်နဲ့ပတ်သတ်ပြီး အမှုဖွင့်တိုင်ကြားထားတာ အမှုပေါင်း ၂၀ ကျော်ရှိပြီဖြစ်ပေမဲ့ ရဲစခန်းက တစုံတရာ အရေးယူဆောင်ရွက်တာ မရှိသေးပါဘူး။

အရောင်းအဝယ်ဖြစ်ခဲ့တဲ့နေရာတွေက တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ ၅၃၊ ၅၄၊ ၅၅၊ ၆၅၊ ၆၉၊ ၈၃၊ ၈၄၊ ၈၅၊ ၁၀၄၊ ၁၀၆၊ ၁၄၆၊ ၁၄၇ နဲ့ ၁၄၉ ရပ်ကွက်တွေမှာ ပါမစ်အတုနဲ့ မြေကွက်လွတ်တွေကို အုပ်စုဖွဲ့ပြီး လိမ်လည်ရောင်းချခဲ့တာဖြစ်ပါတယ်။

အထက်ပါ မြေဂရန်အတုနဲ့ ဂျင်းထည့်ပြီး ရောင်းချခြင်းမှ ကာကွယ်နိုင်ဖို့အတွက် မြေဂရန် အတုအစစ် ခွဲခြားနည်းကို ဖော်ပြ ပေးလိုက်ပါတယ်-

“မြေခွန်ပြေစာအတုတွေပေါ်နေတယ်ဆို” “အတုကတော့ မြေခွန်ပြေ စာတစ်ခုတည်း မဟုတ်ဘူး။ မြေချ ပါမစ်အတု၊ မြေဂရန်အတုတွေ လည်းရှိတာပဲ”

“အဲဒါ ဘယ်လိုခွဲခြားမလဲ” “အဲဒါ ဘယ်လိုခွဲခြားမလဲ ဆိုတော့ ငွေစက္ကူလို အတုအစစ် ခွဲခြားလို့ရတဲ့ စာရွက်နမူနာပုံစံ တော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီမြေ ကွက်ပြေစာကို ထုတ်ပေးတယ်ဆို တဲ့ သက်ဆိုင်ရာရုံးဌာနကို မေး မြန်းစုံစမ်းလို့ရတယ်”

“မြေကိုဝယ်မယ်ဆိုရင် မြေစာရင်း ဦးစီးဌာနကို စုံစမ်းရ မယ်ပေါ့ ဟုတ်လား” “ကျေးရွာနဲ့မြို့ပြဆင်ခြေ ဖုံးနေရာတွေမှာတော့ နီးစပ်ရာ မြေ စာရင်းဦးစီးဌာနမှာ စုံစမ်းလို့ရ တယ်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီစတဲ့ တရား ဝင်ဌာနဆိုင်ရာတွေမှာ သွား ရောက်စုံစမ်းပြီး ခိုင်မာတယ်ဆိုမှ ဝယ်သင့်တယ်”

“ဒါဆိုရင် သက်ဆိုင်ရာ ဌာနက အတုအစစ်ခွဲခြားပေး တယ်ပေါ့” “ဒီသဘောပေါ့လေ၊ တင်ပြတဲ့ မြေကွက်ပြေစာ၊ မြေကွက်ရဲ့ မြေချပါမစ်၊ မြေဂရန်တွေဟာ သက်ဆိုင်ရာဌာနက ထုတ်ပေးခဲ့ ခြင်းရှိ မရှိ၊ စိစစ်ပေးတယ်”

“သက်ဆိုင်ရာဌာနက ထုတ်ပေးတဲ့ စာရွက်စာတမ်း မဟုတ်ရင် လက်ဝယ်ရှိသူမှာ အပြစ် ရှိသလား” “မှန်ကန်တဲ့ စာရွက်စာတမ်း မဟုတ်မှန်းသိလျက်နဲ့ မြေကွက်ကို အကြောင်းပြရောင်းမယ်ဆိုရင် အပြစ်ရှိသွားမှာပေါ့။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖြစ်မယ် ထင်တယ်။ မိတ်ဆွေတစ်ဦးက ရန်ကုန်မြို့ပြ ဆင်ခြေဖုံးမြို့နယ်တစ်ခု မှ မြေဂရန်ရှိပြီး မြေကွက်တစ် ကွက် ကို ဝယ်လိုက်တယ်။ နောက်မှာ မြေကွက်သွားကြည့်တော့ အ ခြားလူတွေနေကြတာကို တွေ့ရတယ်။ ဒါနဲ့ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ သွားပြီးစုံစမ်း တော့ ဒီမြေဂရန်ဟာ မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ် ပေးထားတဲ့ မြေဂရန် စာချုပ် မဟုတ် ဘူးလို့ ပြန်ကြားစာရခဲ့ တယ်။ ဒီမှာပဲ သူ့ကို လိမ်လည် ရောင်းချတယ်ဆိုပြီး တရားစွဲလို့ ရောင်းချသူတွေ ထောင်ဒဏ်ကျခံ ခဲ့ရတယ်။ ဒါကြောင့် သိလျက်နဲ့ ရောင်းရင်တော့ အပြစ်ရှိမှာဖြစ် တယ်”

“လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင် ဘယ်လိုလုပ် မလဲ” “လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင်တော့ ဝယ်သူ က အဆုံးရှုံးခံရမှာပေါ့”

“မြေချပါမစ် နှစ်ခုထပ်နေ မယ်၊ မြေဂရန်နှစ်ခုထပ်နေရင် သက်ဆိုင်ရာဌာနက ဘယ်သူ့ကို တရားဝင်အသိအမှတ်ပြုမလဲ” “ဒါလည်းမကြာခဏဖြစ်တတ်တဲ့ ကိစ္စပဲ။ မြေချပါမစ်နှစ်ခု၊ မြေဂရန်နှစ်ခုထပ်နေမယ်ဆိုရင် သက်ဆိုင်ရာ ဌာနက စိစစ်ပြီး အမှန် တကယ်ထုတ်ပေးထားတဲ့ စာရွက်စာတမ်းကို အတည်ပြု ကြောင်းနဲ့ မမှန်မကန်ရယူထားတဲ့ စာရွက်စာတမ်းကို ပယ်ဖျက် ကြောင်း ကြေညာ မှတ်တမ်းတင် ပေးမှာဖြစ်တယ်”

“ဒီလိုဆိုတော့လည်း မြေ မဝယ်မီမှာ သေချာစုံစမ်းသင့် တယ်” “ဟုတ်တယ်၊ ဒါနဲ့ပတ် သက်လို့ ဗဟုသုတအဖြစ် ပြောရ ရင် နေ့စဉ်ထုတ် သတင်းစာ တစ် စောင်မှာ မြို့ပြစီမံကိန်းနှင့် မြေစီ မံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အများသိစေရန် ကြေညာချက် ထုတ်ပြန်ပေးတာမျိုးရှိတယ်”

မြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (x)၊ မြေကွက်အမှတ် (xx) အား ဦး…အမည်ပေါက်မြေချ ပါမစ် တင်ပြပြီး၊ ဦး…မှ အမှုတွဲ အမှတ် (x)ဖြင့် ဂရန် လျှောက် ထားရာ မြေငှားစာချုပ်အမှတ် ဖြင့် (xxx)နေ့တွင် ၎င်းအမည်ပေါက် မြေငှား စာချုပ် (ဂရန်) ထုတ်ယူ သွားပြီးဖြစ်ပါသည်။

အဆိုပါ မြေကွက်ကိုပင် ပါမစ်အမည်ပေါက်ဦး …ထဲမှ ဝယ်ယူထားသူ ဒေါ်… မှ ပါမစ်မူရင်း တင်ပြ၍ ဂရန်သစ် လျှောက် ထားလာ သည်။

မြေကွက်တစ်ကွက်တည်း ကိုမြေချပါမစ် နှစ်စောင်ထွက်နေ သဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသို့ အတည်ပြုမေးမြန်းခဲ့ ရာ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပထမ ဦး…တင်ပြ သော မြေချပါမစ်မှာ ၄င်းဦးစီးဌာနမှ ထုတ်ပေးထားသော ပါမစ် မဟုတ်ကြောင်း ပြန်ကြားလာသဖြင့် ဦး…ထံသို့ ထုတ်ယူသွားသော မြေငှား စာချုပ်မူရင်းအား ဌာနသို့ ပြန်လည်အပ်နှံရန် သုံးကြိမ်တိုင် တိုင် အကြောင်းကြားပြီးဖြစ်သော် လည်း ဌာနသို့ လာရောက်အပ်နှံ ခြင်းမရှိပါသဖြင့် မြေဂရန် လျှောက်ထား ရယူသွားသော မြေ ငှားစာချုပ်အ မှတ် (x) ဦး … အမည်ပေါက်မြေငှားစာချုပ် ဂရန်စာအုပ်အား မြို့မြေစာရင်းမှ ပယ်ဖျက်ပြီးကြောင်း အသိပေး ကြော်ငြာ အပ်ပါသည်” လို့ ဖော် ပြ ကြော်ငြာပေးပါတယ်”

“ဒါဆို အဝယ်မမှားအောင် သေချာစိစစ်ဖို့လိုပြီပေါ့” “မှန်တယ် သူငယ်ချင်း၊ ခိုင်မာတဲ့ အထောက်အထားဟုတ် မဟုတ်သေချာစုံစမ်းစစ်ဆေးပြီးမှ ဝယ်သင့်တယ်။ ဒါမှမဟုတ်ရင် ဆုံးရှုံးမှု များနဲ့ ရင်ဆိုင်နိုင်ပြီး မလို လားအပ်တဲ့ ပြဿနာတွေဖြစ်ပေါ် လာနိုင်လို့ မြေနဲ့ အိမ်ကိုဝယ်ရင် အထူးသတိပြုသင့်တယ် သူငယ်ချင်း”

ထီယု (ဥပဒေအတိုင်ပင်ခံ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page