မြစ်ကြီးနားရဲ့ ပထမဆုံး မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ဇလုံထမင်းဆိုင် ဖွင့်ပါပြီ
မြစ်ကြီးနားရဲ့ ပထမဆုံး မြန်ကောင်းသက်သာ (၅၀၀)ကျပ်တန် ဇလုံထမင်းဆိုင်လေး ဖွင့်ထားပါတယ်။ နေရာလေးကတော့ အထက (၃) နဲ့ အာရဗီကျောင်းကြီး လမ်းကြား၊ ပန်းသေးဗလီလမ်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
နံနက် ၁၀ နာရီကနေ ညနေ ၃နာရီထိ ဆိုင်ဖွင့်လှစ် ရောင်းချတယ်လို့ သိရပါတယ်။
စားရတာလည်း တန်ရမယ်။ အဆင်လည်း ပြေရမယ်။ သန့်သန့်ရှင်းရှင်းနဲ့ ဟင်းတွေကိုလည်း တရက်တမျိုး မရိုးအောင် ချက်ပြုတ် စီမံပေးတယ်လို့လည်း သိရပါတယ်။
နောက်တချက်ကတော့ လူမျိုး ဘာသာမရွေး စားသုံးနိုင်တာ ဖြစ်ပါတယ်။ ခက်ခဲတဲ့ ဒီလို ကာလမျိုးမှာ ယခုလို (၅၀၀) ကျပ်နဲ့ မြန်ကောင်းသက်သာ ထမင်းတနပ်ကို ရောင်းချပေးတဲ့သူတွေကိုလည်း လေးစားဂုဏ်ပြုလိုက်ရပါတယ် ခင်ဗျာ။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်မှာ ယခုလို (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ များများ ဖွင့်နိုင်လေ အခြေခံလူတန်းစားတွေအတွက် ပိုပြီး အဆင်ပြေလေလေ ပါပဲ ခင်ဗျာ။