မြန်မာ့ကျန်းမာရေးစနစ်ပြိုလဲနေချိန်မှာ အထူးကုဆေးရုံကြီးတွေရဲ့ ငွေမက်ပုံကို ပြလိုက်တဲ့ ဖြစ်ရပ်များ

လက်ရှိအချိန်မှာ ပြိုလဲသွားတဲ့ မြန်မာပြည် ကျန်းမာရေးလောကနဲ့ အထူးကုဆေးရုံကြီးတွေရဲ့ ငွေမက်တဲ့ အကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ ပြန်ပြောသမျှ ဖော်ပြပေးလိုက်ပါတယ် –

ဖြစ်ရပ် (၁) – စမ်းချောင်းက အထူးကုဆေးရုံကြီး ထမင်းငတ်နေပြီလား (၂၀၂၀ ခုနှစ်က ဖြစ်ပါသည်) ” ဒီနေ့ဆေးခန်းမှာ လူနာတစ်ယောက်လာပြတယ်။ ၂၇နှစ်အမျိုးသမီး၊ ဗိုက်အောင့်တာ ၂ ရက်၊ အန်တာ ၃ ကြိမ်၊ အဖျားမရှိဘူး။ စမ်းကြည့်တော့ အူအတက်ရောင်တာနဲ့တူတယ်။

အာထရာဆောင်းနဲ့ စီပီ (အော်တို) စစ်ဖို့ဆေးခန်းတွေရှာခိုင်းတယ်။ နောက်ဆုံး စမ်းချောင်းက အထူးကုဆေးရုံကြီးမှာပဲရတယ်။ ပြဿနာက အဲ့က ဆရာဝန်က လူနာကိုစမ်းသပ်ပြီး အူအတက်ရောင်နေကြောင်း၊ ချက်ချင်းဆေးရုံတင်ရမယ့်အကြောင်း၊ ၁၅သိန်းလောက်ကုန်မယ့်အကြောင်း၊ မခွဲရင်ပေါက်ထွက်ပြီး ‌ေ-သနိုင်ကြောင်းတွေပြောပြီး အတင်းဆေးရုံတက်ခိုင်းတယ်။

လူနာက ကျွန်မတို့ဆရာဝန်က အာထရာဆောင်း ရိုက်ပြီးရင်ပြန်ပြဖို့ပြောလို့ လာရိုက်တာပါဆိုတာကို အဲ့ဆရာဝန်ဖုန်းရှိလား။ အခုပေး ပြောမယ်ဆိုပြီး လုပ်တယ်။ လူနာနဲ့လူနာရှင်တွေက ဆေးရုံမတက်နိုင်ကြောင်းငြင်းတော့ အာထရာဆောင်း ရိုက်ဖို့မစီစဉ်ပေးဘဲ ပြန်လွှတ်တယ်။

သိချင်တာက စပါရှယ်လစ် တစ်ယောက်လွှဲလိုက်တဲ့လူနာကို ကပြန်စမ်းပြီးမှ အာထရာဆောင်း ရိုက်လို့ရတာလား၊ လူနာကို အသည်းအသန်ဆေးရုံတင်ပြီး ခွဲခိုင်းရလောက်အောင် စမ်းချောင်းက အထူးကုဆေးရုံကြီးက ထမင်းငတ်နေပြီလား။ ဒါလေး သိချင်တာပါ။ ဒေါက်တာဇော်။

ဖြစ်ရပ် (၂) – လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကြုံခဲ့ဖူးပါတယ်။ အမေနှလုံးသွေးကြောကျဉ်းနေတယ်။ စစ်ဆေးခ ၂၅ သိန်း၊ ချဲ့ဖို့လိုအပ်ရင် ၆၅ သိန်း၊ စုစုပေါင်းသိန်း ၉၀ သွင်းပြီး ဖောင်ဖြည့်ပါ။ ရက်ယူပါလုပ်တာ။ ချက်ချင်းလည်း သိန်း ၉၀ မရှိလို့ တာဝန်ရှိသူနဲ့ဆွေးနွေးခဲ့ပါတယ်။

စစ်ဆေးခ ၂၅ သိန်း ယူပြီးစစ်ပေးပါ။ ကုဖို့ လိုအပ်ရင် ဖြစ်အောင်ဖန်တီးပြီး ငွေထပ်သွင်းပါမယ် ပြောတာ လုံးဝမရပါဘူး။ ဒါနဲ့အိမ်မှာ ပြန်တိုင်ပင်ပါမယ် ဆိုပြီး အခြား အထူးကုဆရာဝန်ကြီးဆီမှာ စက်မျိုးစုံနဲ့ စစ်ဆေးတာ ဆေးသောက်ရုံနဲ့ ရတဲ့အနေအထားမို့ ဆရာကောင်းသမားကောင်းထံရောက်အောင် ဖန်တီးပေးသူတွေ အဖြစ်မေတ္တာပို့လိုက်ပါတယ်။

ဖြစ်ရပ် (၃) – ၂၀၂၁ တုန်းက အမျိုးတစ်ယောက် အသဲကင်ဆာဖြစ်လို့ အဲဒီဆေးရုံတင်ထားတာ တစ်‌ပတ်လောက် သိန်း ၆၀ လောက်ကုန်နေပြီ။ နောက်ဆုံးမရတော့တဲ့ အခြေအနေကို အသဲအထူးကုဆရာ၀န်ကြီးက ရအောင် ကုပေးမယ်ဆိုပြီး အိုင်စီယူ အခန်းထဲထည့်တာ နောက်ထပ် သိန်း ၃၀ ကျော်ကုန်သွားတယ်၊ လူနာလည်း ဆုံးသွားပါတယ်။

၂၀၂၂ မှာ နောက်ထပ်အမျိုးတစ်ယောက် အဲဒီဆေးရုံမှာဘဲ၊ ဗိုက်အောင့် လို့သွားပြတာ၊ ခွဲစိတ်အထူးကုဆရာ၀န်ကြီးက အစာအိမ်မှာ အနာတွေ့လို့ဆိုပြီး အနာဖြစ်တဲ့အစိတ်ပိုင်းကို ခွဲစိတ်လိုက်ရင် ကောင်းသွားမယ်ဆိုလို့ ခွဲစိတ်လိုက်တာ အစာအိမ်တစ်ခုလုံး ထုတ်ပစ်လိုက်တယ်ဗျာ၊ လူနာအခြေနေကတော့ မပြောချင်တော့ပါဘူးဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page