အစွဲအလမ်းကြီးသူ တဦးနဲ့ အိမ်အောက်ပစ်ချလိုက်တဲ့ ငါးပိရိုး (ပရလောက ဖြစ်ရပ်ဆန်းကြယ်)

ဦးပုနဲ့ဒေါ်အုန်းမေတို့ဘဝက ကြမ်းလှတယ် တနေ့ တနေ့ ငါးရှာ ဖားရှာ အားတဲ့အချိန် သူများ တကာတွေခိုင်းရင် အဝတ်လျှော် ထင်းခွဲကအစ တောက်တိုမယ်ရ အကုန်လုပ်ကတယ် သားထောက်သမီးခံ ကလဲမရှိ လေတော့ အလုပ် ရရင် ရတဲ့အလုပ် သိမ်းကြုံးလုပ်တယ်။

နှစ်ယောက်လုံးအသက်တွေကလေးဆယ်ကို ဖြတ်ကျော်လာပီလေ သူတို့နေတာက ထန်းတပင်မြို့နယ်က ရွာတစ်ရွာ ရွာမှာက အိမ်တိုင်း အိမ်တိုင်း ခြေတံရှည် အိမ် တွေပဲဆောက်ကြတာအိမ်အောက်မှာက အိမ်တိုင်းလိုလိုဘဲမွေး ကြက်မွေး တနိုင်တပိုင်မွေးကြတာ ရွာဓလေ့ကိုး

ဒေါ်အုန်းမေကလဲ ဘဲတွေမွေးထားသေးသပါ့ အိမ်အောက်ထဲမှာ အနေများတယ် သူ့ဘဲတွေက နောက်ဖေးဘက်မှာခြံ ဆိုပေမယ့် ဒေါ်အုန်းမေက အိမ်အောက်ထဲကျတော့ သူတို့စားကျွင်းစားကျန်တွေကို ပစ်ပစ်ချတော့ဘဲတွေက လာလာထိုးတာ ဗွက်ကိုလည်လို့တော ဓလေ့ကိုး

အဓိက ကတော့ သူပစ်ချတာ ငါးပိရိုး ငါးပိကို ကိုယ်တိုင်သိပ်တာ တစ်နှစ်ပတ်လည်စာ နေ့စဉ်ဒေါ်အုန်းမေကငါးပိကျိုတာနဲ့ အရိုးမှန်သမျှအောက်ပစ်ချလိုက်တာ သူအောက်ပစ်ချတဲ့ အရိုးတွေက ဗွက်တောထဲကိုရောက်ပီးအဲ့ဒိဗွက်တွေထဲကို ဘဲတွေက “ဗျက် ဗျက် ဗျက် ဗျက် ဗျက် ဗျက် ဗျက် ဗျက် ဗျက်”နဲ့ထိုးသံ ကြားနေရတာကို ဒေါ်အုန်းမေကကျေနပ်နေတာ

ဒေါ်အုန်းမေ သူ့မွေးထားတဲ့ဘဲတွေကို “သား” “သမီး”စသဖြင့် ခေါ်ခေါ်ပီးတော့ကို စကားပြော နေတာ ကြားရသူတိုင်း ပြုံးစိစိ တနေ့ မမျှော်လင့်တဲ့ ကံကြမ္မာ ကသူတို့ဆီရောက်လာတယ် “ဗျာ…….မအုန်းမေ မူးလဲလို့ ဟုတ်လား” ကိုင်းထောက်နေရင်းနဲ့ ဦးပုတစ်ယောက် ငါးမျှား တံတွေအကုန်ချထားခဲ့ပီး ရွာထိပ်က ဆေးခန်းကို အပြေးသွားလိုက်တယ်

ဟိုရောက်တော့ “ကိုပုရေ တော်တို့ဝမ်းသာရပီ” “ဘယ်လို ဆရာမ ကျွန်တော်နားမလည်ဘူး” “ကျွန်တော့် မိန်းမကော ဆရာမ ဘာဖြစ်တာလဲ သက်သာရဲ့လားဗျာ ရင်တွေ ပူလိုက်တာ” “အို တော် ဘာမှမဖြစ်ပါဘူးဆို တော့ မိန်းမမှာ ကိုယ်ဝန်ရှိနေတာ တော်ရေ့” “ဗျာ…” ဒီတခါ လန့်သွားတာက ဆရာမ “အို တော် ကိုပုနှယ် လန့်ထှာဟယ်”

“ကန်တော့ ကန်တော့ ပါ ဆရာမရယ် ကျုပ် အံ့သြသွားလို့ပါ” “တော်က အံ့သြတာဟုတ်တယ် ကျုပ်လဲ လန့်ပီး သေသွားလို့ တော်တို့ကလေးကို မမွေးပေးလိုက် ရပဲနေဦးမယ် ဟားဟား” ရွာခံသားဖွားဆရာမနဲ့ကတော့ တစ်ရွာလုံးနဲ့ ရင်းနှီးပီးသား ရွာသူရွာသားတွေဖျားတယ် နာတယ်ဆိုလဲ ဆရာမ က တာဝန်ယူနေကြ ကိုပု တို့ဆို သူတို့ လင်မယား နေမကောင်းဖြစ်ပီ ဆိုတာနဲ့ ဆရာမဆီသွားပီးသူတို့သောက်နေကြ ဆေးလုံးဆိုလား ဘာဆိုလား သွားယူနေကြပေါ့ ခုလို အသက်လေးဆယ်ကျော်မှ ကလေးရမယ် ဆိုတော့ကိုပုတစ်ယောက် ဝမ်းသာမဆုံးတပြုံးပြုံး

“အုန်းမေ နေသာ ထိုင်သာရှိရဲ့လား” “ရပါတယ်တော် ကျုပ်ကို ဆရာမ ဆေးထိုးပေးပီး ပါပီ” “တော့်ဘာသာတော် တော့်အလုပ် တော်သွားလုပ်” “အေးပါကွာ မင်းကို အိမ်လိုက်ပို့ပေး ပါ့မယ် ပီးမှ ငါ ကိုင်းထောက် ထားတဲ့ဆီပြန်သွားမယ် လာ လာ အဲ့တာဆို ပြန်စို့” “ဆရာမ ခွင့်ပြုပါဦး ပြန် လိုက်ဦးမယ်” “ကောင်းပါပီတော် မအုန်းမေ ကျွန်မသောက်ခိုင်း တဲ့ဆေးကို ပုံမှန်သောက်မယ်နော် သက်တောင့်သက်သာလဲနေ ဘဲခြံတွေထဲ အတင်းဝင်ပီး ကုန်းကုန်းကွကွတွေ လုပ်မနေနဲ့ဦး” “စိတ်ချပါ ဆရာမ ”

“စိတ်မချဘူးတော်ရေ တော့်အသက် က မငယ်တော့ဘူး” “ဟုတ်ကဲ့ ပါ ဆရာမရယ်” ကိုပုကလဲ”ဟုတ်တယ် မအုန်းမေ မင်းမပေါ့နဲ့ ဒီနေ့ကစပီးဘာအလုပ်မှမလုပ်နဲ့ အိမ်မှာထမင်းချက်ရုံကလွဲပီး ဘာမှမလုပ်နဲ့” ဒီလိုနဲ့ ကိုးလ လဲမြောက်ရော ကိုပုတို့အိမ်မှာ သားဖွားဆရာမလဲ ရောက် ကိုပု ကလည်း တက်သမျှ မှတ်သမျှ ဘုရားစာတွေရွတ်လို့ အိမ်ရှေ့မှာခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် နေပီ အိမ်နီးနားချင်းတွေဖြစ်တဲ့ ဒေါ်မြနဲ့ ပူဆူးမ တို့ နှစ်ယောက်ကလဲ ဝိုင်းကူလုပ်ပေးဖို့အတွက်အိမ်ထဲမှာရှိနေလေရဲ့

“အားစိုက် ညှစ် မအုန်းမေ ဘာမှမကြောက်နဲ့ ကျွန်မရှိတယ်နော် ညှစ် ထား မအုန်းမေ ကလေးကထွက်တော့မယ် အားလုံးအဆင်ပြေ သွားလိမ့်မယ်” ဆရာမကသာ အားလုံးအဆင်ပြေသွားလိမ့်မယ် ဆိုပေမယ့် ဒေါ်အုန်းမေ တစ်ယောက် ကြောက် တာတော့ အမှန် သူများတွေပြောတဲ့ သွေး ပေါင်တယ် ဆိုလား ဘာလား သုံးရက်လောက်ဖြစ်နေတာ ဒီမနက်မှ ဗိုက်ကနာ ပီးမွေးချင်တာ အဲ့လိုဆိုတော့ ဒေါ်အုန်းမေ စိုးရိမ် တာလဲမမှား

ဆရာမကတောင် လှည်းအဆင်သင့်ပြင်ခိုင်းပီးသား အခြေအနေ အရ မြို့ဆေးရုံကို လိုအပ်ရင် ပို့ရမယ် ဒီလိုနဲ့ တမနက်လုံးနာလိုက်တဲ့ ဗိုက် မနက်ဆယ့် တစ်နာရီထိုးတော့ ဆရာမအသံထွက်လာတယ် “မွေးပီဟေ့ မွေးပီ မိန်းခလေး တော့ ” “ကျုပ် ပြောတာ ကြားလားတော့ ကိုပုရေ” “ကြား ကြားပါတယ် ဆရာမ ရေ့” “ကျုပ် ကျုပ် ဝမ်းသာ လွန်းလို့ပါ ဗျာ” “သမီလေး သမီးလေးတဲ့ကွ ဟေး”

ကိုပုတစ်ယောက် အပျော်တွေနဲ့ပေါ့ “အော် ဆရာမ ရေ ကျွန်တော့်မိန်းမ ရော ကလေး ပါ ကျန်းမာရဲ့လားကလေးက အင်္ဂါ ကိုယ်လက် စုံရဲ့လား ဘယ်နှစ်ပေါင်ရှိလဲဆရာမ” “ဖြေးဖြေး ကိုပုရေ ဖြေးဖြေးလဲမေးပါတော် လူကြီးရော ကလေးပါ ကျန်းမာပါတယ် ခုနစ်ပေါင်နဲ့ ရှစ်အောင်စ ကလေးလေး ကတော့ ချစ်စရာလေးပါ ဒါပေမယ့်………” “ဒါပေမယ့် ဘာဖြစ်လဲ ဘာဖြစ်လို့လဲ ဆရာမ….”

“ရှူး ရှူး တိုးတိုး ပြောစမ်းပါရှင် မီးနေသည် ကြားသွားလို့သွေးတက်နေပါ့မယ်” အဲ့တော့မှ လေသံလေးနဲ့ ကိုပုကမေးရှာတယ် “ဘာ များဖြစ်လို့လဲ ဆရာမ ရယ် ပြောပါ ကျုပ်ရင်တွေပူ လှပီ” “ကလေးရဲ့လက်ဖဝါးတွေမှာ နှစ်ဘက်စလုံး ဒဏ်ရာတွေနဲ့ ဆူးတွေနဲ့ ခြစ်မိထားသလိုလို ကွဲထားတဲ့ နေရာတွေ မှ အများကြီးပဲ” “ဘယ်လို ဖြစ်တာလဲဗျာ ကျွန်တော့သမီးလေး ခုမှ လူ့လောကထဲကို စရောက်တယ် ဒုက္ခ တွေ က ကပ်ပါလာပါလား ဟီးဟီး”

“ကိုပု တော့် အသံကိုထိန်းထားပါတော် တော်ကြာ မီးနေသည် သိသွားမှ ဖြင့် နို့လန့်တာ တို့ ခေါင်းကိုက်တာတို့ သွေးတက်တာတို့ ဖြစ် နေမှဖြင့် တစ်ပူပေါ် တစ်ပူ ဆင့်နေမယ် ခုလော လောဆယ်တော့ မအုန်းမေကို အသိ မပေးသေးနဲ့ဦး အနှီးကို လုံအောင် သာထုပ်ထား သူ့ကိုအနှီး မဖြေခိုင်းနဲ့ ဟုတ်ပီလား” “ဒါ ကံ ကံ၏ အကျိုးတွေပဲ ကိုပု ကိုယ့်စိတ်ကို ကိုယ်ဖြေထား ဒီလောက်လေးပဲမို့တော်သေးတယ် လို့သာအောက် မေ့ထားပါ ကိုပု ရယ်”

“ကဲ မမြ တို့ကို ကျွန်မ တိုက်ရမယ့်ဆေးတွေ လုပ်ပေးရမယ့် ဟာတွေ မှာခဲ့တယ် ကျွန်မ ပြန်ဦးမယ် လိုတာရှိရင် တခုခု ဆိုရင်ကျွန်မဆီ အချိန်မရွေးသာလာခဲ့ နော်” “ဟုတ် ဟုတ်ကဲ့ ပါ ဆရာမ ရယ် ကျေးဇူးလဲ တင်ပါတယ်” “ရတယ် ရတယ် သွားပီ”ဆိုပီး ဆရာမက ကိုယ့်အိတ် ကိုယ်လွယ်ပီးပြန်သွားတယ်

သမီးလေးဖြူ သမီးလေးကို ဖြူ လို့ နာမည်ပေးလိုက်တယ် သမီးလေး က ထူးခြားတယ် ကလေးပီပီ အရမ်းဆော့တာတို့ ကဲတာတို့မရှိဘူးး တခါတလေ အိမ်ရှေ့ထွက်ပီးး အတက်အဆင်း မှာထိုင်ပီး အိမ်အောက်ထဲကိုကြည့်ကြည့်ပီး မျက်ရည်တွေကျလို့ မအေလုပ်သူက “သမီး သမီး ဘာဖြစ်တာလဲ “လို့မေးရင် မျက်ရည်တွေသုပ်ပစ်လိုက်ရော ခေါင်းပဲခါနေတယ် ဘာမှမေးလို့မရ သမီးလေး မအေ ကလဲ သမီးလေး ရဲ့ လက်လေးတွေကြောင့်စာတောင်ရေးနိုင်ပါ့မလားရယ်လို့အမြဲပူပန်နေရတယ်

တခါ တခါ အိမ် အောက်ကို ငုံ့ ငုံ့ကြည့်ပီး သမီးးလေးက ငို ငို နေတာ ဗိုက်တွေဘာတွေများအောင့်လို့များလားဆိုပီး လေဆေးလေးတိုက် လိမ်းဆေး လေးလိမ်းပေး လုပ်ပါတယ် တဖြည်းဖြည်း သမီးလေးနှစ်နှစ်ခွဲလောက်ရောက် လာတော့ စကားစပြောပီ မပီကလာ ပီကလာနဲ့ အဖေ အမေ စခေါ်ပီ သမီးလေးလက်ကလေးတွေကတော့ ဒဏ်ရာ လေးတွေကနေ အမာရွတ်ကလေးတွေဖြစ်နေ ပေမယ့် သွားပွတ်တို့လို ရေခွက် တို့လို ပစ္စည်း လေးတွေကိုတော့ ဆုပ်ကိုင်နိုင်တယ် ဒီလိုနဲ့ လေးနှစ်ပြည့်တော့ သမီးလေးကို ရွာထဲကမူကြိုသင်တဲ့အိမ်မှာ မူကြိုသွားထားတယ်

တော်သေးတယ် သမီးလေးက ခံတံကိုသေချာ ကိုင် နိုင်တယ် စာရေးနိုင်တယ် ဒေါ်အုန်းမေတို့ ဦးပုတို့ ကတော့ ဝမ်းသာနေကြတာပေါ့ ဒီလိုနဲ့တနေ့ သမီးလေးက အိမ်ရှေ့မှာကစားနေတုန်း “သမီးရေ ထမင်းစားမယ် လက်ဆေးပီးအိမ်ပေါ် တက်ခဲ့”ဦးပုကလှမ်းခေါ်လိုက်တယ် ဒေါ်အုန်းမေက “တော်ကလဲ ဒီမှာမပီးသေးဘူး တော့် သမီးက ငါးပိ ကျိုပီးသား အရိုးတွေ အောက်ချရင် စိတ်ကောက်တော်မူဦးမယ်” “အေး မအုန်းမေ ရေ အဲ့တာ ဘာဖြစ်လို့လဲ ဆိုတာငါလဲသိချင်နေတာ မေးကြည့်ဦးမှ”

စကား ပြောတုန်း သမီးလေးအိမ်ပေါ်တက်လာတယ် ဖြစ်ချင်တော့ ဒေါ်အုန်းမေက ငါးပိကိုအရည်စစ်ပီး အရိုးတွေကို အောက်ပစ်ချတာ မြင်သွားပါလေရော “အမေ ….အမေ့ …. အမေ့ကို အဲ့တာတွေ အောက်မပစ်ချပါနဲ့ဆို အမေက ထပ် ပစ်ချပြန်ပြီ ဟီး ဟီး ဟီး” “သမီးရယ် ငါးပိအရိုးတွေ အောက်ပစ်ချတာများ ငိုစရာလား အဲ့ ငါးပိရိုးတွေကို သမီးဘာလုပ် မလို့လဲ ဘာလုပ်ချင်လို့လဲ အဖေ့ ကိုပြောစမ်း”

“ဘာမှလည်း မလုပ်ဘူး ဘာမှလည်း မလုပ်ချင်ဘူး အမေက ငါးပိရိုးတွေကို အဲ့လို ပစ်ချခဲ့လို့ တမီးလက်တွေ ဒီ လိုမျိးဖြစ်နေ တာပေါ့ ဟီးဟီးဟီး” “ဘယ်လို ဘယ်လို သမီး အမေ့ကို သေချာ ပြောစမ်း အမေကဒီငါးပိရိုးတွေ ပစ်ချလို့ သမီးလက်တွေ ဒီလိုမျိး ဖြစ်နေရတာ ဟုတ်လား သမီး”

ဒေါ်အုန်းမေ က အံ့သြနေတဲ့ ပုံစံနဲ့ “ဟုတ်တယ် အမေ တမီးတကယ် ပြောတာ ဟီးဟီး အိမ်အောက်ထဲမှာနေရတာ အရင်က ဟီး တမီးတစ်ယောက်တည်းမဟုတ်ဘူး အောက်မှာ အများကြီးရှိသေးတယ် ဟင့် ဟင့်” သမီးလေးကပြောလဲပြော ငိုလဲငို နဲ့ ရှိုက်တောင် နေတယ် ဦးပုက “နောက်ထပ် ဘယ်သူတွေရှိသေးလို့လဲ သမီးရဲ့ အဖေ တို့ကို ပြောပြ ပါဦး”

“ရှိသေးတယ် တမီးမသိတော့ဘူး အများကြီးပဲ ရှိသေးတယ် အိမ်ပေါ်ကနေ ထမင်းတွေ နဲ့ ငါးပိရိုးတွေ ပစ်ချရင် အတင်းလုပီး စားရတာ တမီးရဲ့လက်တွေကို ငါးပိရိုးတွေ ဆူးပီ းသွေးတွေလဲထွက်ပီး ဒီလို အနာတွေ ဖြစ်ကုန်တာ အရမ်းနာတာပဲ အဖေရယ် ဟီးဟီး” “အော် သမီးလေးရယ်” ဆိုပီးသူ့သမီးလေးကိုဖတ်ပီးဒေါ်အုန်းမေမှာ ငိုတော့တာပဲ

“အဲ့တာ ငါ့ အပြစ်တွေ ငါ့အပြစ်တွေ ငါ့ကြောင့် ငါ့သမီးလေး ဒီလိုဖြစ်ရတာ ဟီးဟီး” “မအုန်းမေရယ် မင်းအပစ်လို့လဲ ပြောမရပါဘူး ဆရာမ ပြောသလို ကံ ကံ၏ အကျိုး ပါပဲ” “တရားနဲ့သာဖြေ ပါကွာ ” “သမီးလေးကလဲ ငို ရင်း ငိုရင်း မောလို့ ရှိုက် တောင်နေပီ တိတ်တော့နော် သမီး နောက်ဆို အိမ်အောက်ထဲ ပစ်မချ တော့ဘူး”

“မအုန်းမေ သမီးလေး ပြောသလိုဆို ငါတို့ အိမ်အောက်မှာ ဘာပဲပြောပြော မကျွတ် မလွတ်နိုင်သေးတဲ့ သူတွေရှိနေတာ တော့သေချာတယ် ရွာဦးကျောင်းဆရာတော် ကိုအကျိုးအကြောင်း လျှောက်ထားပီး လှူဖွယ်ပစ္စည်းလေးတွေနဲ့ အမျှဝေရအောင်ကွာ” “ကောင်းတာပေါ့ တော် အဲ့လို လုပ်ကြတာပေါ့” “တကယ်လား အမေ တကယ်ပြောတာနော်” “တကယ်ပေါ့သမီးရဲ့ ဘာလဲ သမီးက ပျော်လို့လား သမီးက အမျှဝေတယ်ဆိုတာ သိလို့လား”

“အမျှဝေရင် အိမ်အောက်က သူတွေ ထမင်းတွေအများကြီးစား ရမှာလား အမေ” “အင်း ထမင်းတွေလဲ အများကြီးစားရမယ် အင်္ကျီအသစ်တွေလဲ ဝတ်ရမယ် အိမ်အောက်မှာ မနေရတော့ဘူး အိမ်လှလှလေးလဲ ရမှာလေသ မီးရဲ့” “တကယ်လားအမေ တကယ်နော်….” “”ပျော်လိုက်တာ….” အဲ့လိုနဲ့ ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားပြီး ဆွမ်း သင်္ကန်းနဲ့ဆေး လှူဖွယ်ဝတ္တု အစုစုကို ရေစက်ချ အမျှ အတန်း ပေး ဝေ လိုက်ပါတော့တယ်

ဦးပုနဲ့ ဒေါ်အုန်းမေတို့လဲ အကုသိုလ်ရဲ့အကျိုးဆက် တွေကို ကြောက်ပီးး ငါးရှာ ဖားရှာ မလုပ်တော့ပဲ အရင်က ဦးပုတို့ အမေပေးခဲ့တဲ့ ရွာထိပ်က ယာကွက်ကလေးပြန်ရှင်းပီး စားပင် သီးပင်တို့ကို စိုက်ပျိုးပီးပဲ စားသောက်နေထိုင်ကြတော့တယ်

ဖြစ်ရပ်မှန်လေးပါလို့စ်

ရေးသားသူ -နှင်းနုဝေ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page