လမ်းတကာ လှည့်မရောင်းနိုင်လို့ ထိုင်ပြီးပဲ ပြောင်းဖူးဖုတ်ရောင်းနေရတဲ့ အသက် (၇၃) နှစ် အဖွား
မိန်းထဲမှာ နေပီး ပြောင်းဖူးဖုတ် ကြိုက်တဲ့သူရှိရင်ဒီအမေကြီးဆီ အားပေးလိုက်ကြပါအုံးနော်၊
တခါတလေ ရောင်းမကုန်တဲ့ရက်တွေ ရှိတဲ့အခါရပ်ကွက်ထဲက ကလေးတွေ ဝေပစ်လိုက်ရတာတဲ့၊ အရင်တုန်းက ပြောင်းဖူးကို ပြုတ်ပီး လိုက်ရောင်းတာတဲ့၊ အဲ့လိုရောင်းတော့ မောတာရယ်၊ ကားလမ်း ကူးရတဲ့ ဒုက္ခတွေရယ်ကြောင့် အခုလို ထိုင်ရောင်းလို့ ရတဲ့ ပြောင်းဖူးဖုတ်ပဲ ရောင်းတာတဲ့၊
အသက်က ၇၃ နှစ်တဲ့၊ အမေကြီး ရောင်းရစေချင်လို့ ကျနော်အစားအသောက် Groupထဲ တင်ပေးမယ် ပြောတော့ ကျေးဇူးတင်ပါတယ်တဲ့၊ ဗောဓိကုန်း ကျောင်းမြောက်ဘက် အပေါက်မှာ ရောင်းနေတာပါ၊
နီးတဲ့အဆောင်သူလေးတွေ ရှိရင် အမေကြီးဆီက အားပေးလိုက်ကြပါအုံးနော် ၊ အခုကာလမှာ အိမ်ငှားခပေးဖို့ရော၊ စားသောက်ဖို့ရော မလွယ်တာမို့ အမေကြီးကို ကူညီပေးတဲ့အနေနဲ့ ပြောင်းဖူးဖုတ်ကို အားပေးလိုက်ကြပါအုံးနော်။ လိပ်စာက လမ်း၄၀/၇၁ ပါ ရှင့်။
ပြောင်းဖူးဖုတ်ရောင်းတဲ့ အမေကြီးကို လမ်းမှာတွေ့ရင် ကူညီပေးလိုက်ကြပါဦးဗျာ။ မန္တလေးကလို့ သိရပါတယ်။
စေတနာရှင်များအနေနဲ့ အမေကြီးနေဖို့ အိမ်ကိုပါ စီစဉ်ပေးရင် ပိုအဆင်ပြေနိုင်မယ်လို့ အကြံပြုလိုက်ပါရစေ ခင်ဗျာ။