(ရွှေ၊ မြေ၊ ဒေါ်လာ၊ ကား) ကြီးလေးကြီး ဈေးကွက်ထဲက ဘယ်ဈေးကွက်အရင်ပြိုနိုင်မလဲဆိုတဲ့ အဖြေ

ရွှေ၊ မြေ၊ ဒေါ်လာ၊ ကား ဘယ်ဟာအရင်ဆုံးဈေးပြိုနိုင်လဲ နေ့လည်ကဆွေးနွေးကြတာမှာ အများစုက ကားလို့ဖြေကြတယ်။ ကျနော်အမြင်ပြောပါအုံးဆိုလို့ ခုပြောတာ မှန်ချင်မှ မှန်မယ်။

ဘယ်ဟာအရင်ဆုံး စျေးပြိုနိုင်တာထက် အစိုးရက စျေးကျအောင် လုပ်လို့ရတာက နံပါတ် ၁ က ကား ပဲ ပိတ်ထားတာတွေ ပြန်ဖွင့်ပေးတာမျိုး W တွေ ချပေးတာမျိုးလုပ်လိုက်ရင် ကျသွားနိုင်တာပဲ။ လက်ရှိအခြေအနေအရ W တွေ ချပေးမယ်ဆို အလွယ်ကူဆုံးအဆင်ပြေဆုံးပဲ နိုင်ငံခြားငွေလည်းမထွက်၊ အစိုးရလည်း ငွေရမယ် ပြည်သူလည်းပျော်မယ် ကားမစီးချင်တဲ့သူမရှိဘူး။ ကား က ပြည်သူတွေရဲ့သည်းခြေကြိုက်လို့ ပြောလို့ရတယ်။

မိသားစုတိုင်းရဲ့ အဓိက မျှော်လင့်ချက်ထဲမှာ ကိုယ်ပိုင်ကားလေးရှိချင်တာပဲ ခုကားစျေးက အိမ်နီးချင်းနိုင်ငံထက် ၅ ဆ ၁၀ ဆလောက်များနေတာ။ W ချပေးလိုက်ရင် စီးပွါးရေး သမားတွေနဲ့ ပြည်သူတွေ ရွှေဒေါ်လာဘက်ပြုံတိုးနေတာကနေ ကားဘက်လှည့်သွားမယ် ဒေါ်လာ ရွှေ ပြန်ထွက်လာမယ်။ မဟုတ်လည်း လက်ရှိနယ်အများစုမှာ W တွေစီးနေကြတာပဲ။ W တွေကြောင့် မှုခင်းလည်းများတယ်။ ဒီတိုင်းစီးနေမယ့်အစား ဆိုင်ကယ်လိုထုတ်ပေးလိုက်။ တစ်ချက်ခုတ် လေးချက်လောက်ပြတ်တယ်။ ရေတို အရေးပေါ်ဖြေရှင်းလို့ကောင်းတယ်။

နံပါတ် ၂ က မြေ မြို့တော်ဝန်ဦးရဲလွင်လို မြေတွေဝယ်ထားပီး အဆောက်အဦးမဆောက်လူမနေပဲနေရင် သိမ်းမယ်ကြေငြာလိုက်။ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ချပေးထားတဲ့ စက်မှုဇုံမြေတွေတောင်ဘာအလုပ်မှမလုပ်ပဲထားတာ။ မလုပ်ရင် သိမ်း။ လက်ရှိ မြန်မာပြည်အခြေအနေက Homeless People and Peopleless Homes” အိမ်မရှိတဲ့လူနဲ့ လူမရှိတဲ့အိမ်များ” ဖြစ်နေတာ။ မြေတွေက လူတစ်စုကပဲ ပိုင်ဆိုင်စျေးမထားတာ။

နိုင်ငံလူဦးရေနဲ့ နိုင်ငံအကျယ်အဝန်း ဒီစျေးတွေရှိစရာကိုမလိုဘူး။ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံရဲ့ မြေစျေး အိမ်စျေးတွေက ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထက်စျေးကြီးနေတယ်။ ဒီလောက်မြေစျေးတွေကြီးနေတော့ ပြည်တွင်း ပြည်ပ ဘယ်လုပ်ငန်းမှ လုပ်မရကြတော့ဘူး အဲ့တော့ တိုင်းပြည်ထုတ်ကုန်ကလည်း မတိုးတက်လာတော့ဘူး။

ကြားဖူးတာ ဩစတြေးလျနိုင်ငံမှာ ပိုက်ဆံအရမ်းချမ်းသာတဲ့ လူတွေဟာ လူအမြဲမနေနိုင်ပဲ အပမ်းဖြေနေထိုင်ဖို့အတွက် နိုင်ငံအနှံမှာ အိမ်တွေခြံတွေကို အပို ၀ယ်ယူထားကြတယ်တဲ့။ အဲဒီလို လူအမြဲမနေနိုင်ပဲ ၀ယ်ယူတည်ဆောက်ထားတဲ့ နေအိမ်ခြံတွေကို ၆ လတိတိ လူနေထိုင်တဲ့ အထောက်အထားမတွေ့ရပါက သြစတြေးလျနိုင်ငံသားမည်သူမဆို မိမိအသက်ရှင်နေထိုင်ဖို့အတွက် အမှန်တကယ်လိုအပ်ပါက တခါးဖွင့်၀င်ရောက်နေထိုင်ခွင့် ဥပဒေကိုပြဌာန်းထားတယ်တဲ့။

မြန်မာနိုင်ငံမှာလည်း အဲ့လိုမျိုး ဥပဒေပြဌာန်းပေးလိုက်ရင် ရွှေနဲ့ ဒေါ်လာက လက်ရှိ အခြေအနေအရ အစိုးရဘက်က ထုတ်ပေး စျေးချလို့ လွယ်တဲ့အရာမဟုတ်ဘူးလို့မြင်တယ်။ မြေ၊ ကား ကျလာရင်တော့ ကဏ္ဍအများစုလည်ပတ်လာပီး ရွှေ ဒေါ်လာပဲ ဝယ်စုသိမ်းတာမျိုးမဟုတ်တော့ပဲ အကုန်လအနည်းနဲ့ အများ ကျလာမယ်လို့မြင်တယ်။ ဒါကျနော်တစ်ဦးထဲအမြင်ပါ။ မှားချင်မှားမယ်။ – ကျော်ကြီး(MDY)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page