မြန်မာငွေ (၂၆၀၀၀) နဲ့ တနာရီအတွင်း စိတ်ကြိုက် အဝစားနိုင်မယ့် ဒူးရင်းသီး ဘူဖေး (ထိုင်းနိုင်ငံမှာပါတဲ့)

ဒူးရင်းသီးကို အရူးအမူး ကြိုက်လွန်းပြီး ဘယ်လောက်စားစား မတင်းတိမ်နိုင်ဘဲ စားပြီးရင်း ထပ်စားချင်နေသူတွေအတွက် ထိုင်းနိုင်ငံက ဒူးရင်းသီးဘူဖေးကို သွားစားသင့်ပါတယ်။

ဒူးရင်းသီးဆို ရရင်ရသလောက် စားမယ့်လူတွေ ထိုင်းနိုင်ငံက ဒူးရင်းသီးဖေးကို CTW မြက်ခင်းပြင်မှာ ၄၇၉ ဘတ် (မြန်မာငွေ ၂၆၀၀၀ ဝန်းကျင်) နဲ့ စားနိုင်ပါပြီ။

မိနစ် ၆၀ အတွင်း အဝစားခွင့်ရှိပြီး အချိန်ပြည့်ပါက ပန်းကန်ပြားပေါ်တွင် ဒူးရင်းသီးသုံးပုံတစ်ပုံထက် ပိုကျန်နေလျှင် ဒဏ်ငွေ ဘတ် ၁,၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မစားနိုင်လို့ မကုန်ခဲ့ပါက ပုံမှန်စားတဲ့ နှုန်းထက် နှစ်ဆ ပြန်လျော်ရမယ့် သဘောပါပဲ။ ဒူးရင်းသီး သရဲတွေကို စိန်ခေါ်ထားသလိုပါပဲဗျာ။

ဒူးရင်းသီးဘူဖေးနေရာမှာ လုံခြုံရေးတွေနဲ့ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးရောဂါ ရှိသူတွေ အနေနဲ့ လျှာကို အလိုမလိုက်ဘဲ ချင့်ချိန် စားသုံးဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

ယခုအချိန် ရန်ကုန်မြို့မှာ ဒူးရင်းသီး တလုံး သောင်းနဲ့ချီပြီး ပေးနေရတဲ့ အချိန်မှာ မြန်မာငွေ ၂၆၀၀၀ လောက်နဲ့ ဒူးရင်းသီးဘူဖေး အဝစားလို့ ရတဲ့ ဆိုင်မျိုး မြန်မာပြည်မှာလည်း လာရောက် ဖွင့်လှစ်စေလိုကြောင်း ဒူးရင်းသီး ချစ်သူတဦးက အားမလို အားမရ မှတ်ချက်ပြုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page