(၅၀၀)ကျပ်တန် ထမင်းကို အခမဲ့ကျွေးသလို စားသူတိုင်းကို ၅၀၀ကျပ် ထပ်မံလှူဒါန်းခဲ့တဲ့ ဝါးခယ်မက အဖွား

ဝါးခယ်မမြို့က ၅၀၀ကျပ်တန်ထမင်းဆိုင်တွင် အလှူရှင်အဖွားတဦးမှ ပြည်သူများ အခမဲ့စားသုံးလို့ရအောင် ကူပွန်များ လှူဒါန်းခဲ့ပါတယ်။

ထို့ပြင် ထမင်းလာရောက်စားသုံးသူ တဦးစီတိုင်းအား စားပြီး အပြန်တွင် ၅၀၀ ကျပ်စီ ထပ်မံ လှူဒါန်းပေးခဲ့ပြန်ပါတယ်။

ဝါးခယ်မ (၅၀၀) ကျပ်တန် ထမင်းဆိုင်ရဲ့ ထူးခြားချက်ကတော့ လှူဒါန်းလိုသူများက ကူပွန်များကို ဝယ်ယူပြီး ဘုတ်ပြားနံရံပေါ်တွင် ချိတ်ဆွဲ ပေးထားပါတယ်။ လိုအပ်သူက တယောက် တကဒ်နှုန်း ယူပြီး ဝင်ရောက် စားသုံးနိုင်တာ ဖြစ်ပါတယ်။

စနစ်ကျပြီး ကြည်နူးဖွယ်ကောင်းလှတဲ့ ဝါးခယ်မ မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်မှာ အဖွားလို အလှူရှင် အများအပြားလည်း လှူဒါန်းဖို့ စာရင်း ပေးထားကြောင်း သိရပါတယ်။

ယခုလို ခေတ်ဆိုး ခေတ်ကျပ်ကြီးမှာ ပြည်သူကနေ ပြည်သူကို တယောက်တလက် ဝိုင်းဝန်း ကူညီကြတဲ့ မြင်ကွင်းဟာ မြင်ရသူအပေါင်း ဝမ်းသာ ကြည်နူးကြမှာ အသေအချာပါပဲ။

လှူဒါန်းတဲ့သူတွေ၊ စီစဉ်တဲ့သူတွေ၊ ဝေယျာဝစ္စဒါန ပြုသူတွေ အားလုံး ဘေးရန်ခပ်သိမ်း ကင်းလွတ်ငြိမ်းပြီး ကောင်းကျိုး လိုရာဆန္ဒ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page