စားကောင်းတိုင်း မစားသင့်တဲ့ မယ်ဇလီဖူးသုပ်နဲ့ ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားမယ့် အန္တရာယ်
တန်ဆောင်မုန်း လပြည့်ညနှင့် မယ်ဇလီဖူးသုပ် အန္တရာယ်
တန်ဆောင်မုန်းလပြည့် ည ၁၂ နာရီရောက်တာနဲ့ ဆေးပေါင်းခတယ်ဆိုပြီး မယ်ဇလီဖူးကို သုပ်စားကြပါတယ်။ တန်ဆေးလွန်ဘေးဆိုတာလေးတော့ မမေ့ကြပါနဲ့။ အထူးသဖြင့် သွေးတိုးရှိတဲ့သူတွေ ဆေးဝင်တယ်ဆိုပြီး မယ်ဇလီဖူးသုပ်ကို အဝအပြဲ သွားမစားမိပါစေနဲ့။ သွေးတက်ပြီး ခေါင်းတွေထိုးဇက်တွေ လေးလံလာပါလိမ့်မယ်။ အဆိုးဆုံးကတော့ဝမ်းချူပ်နေရင် ဦးနှောက်သွေးကြောပေါက်မှာ။ လေဖြတ်မှာပါ ကြောက်ရပါတယ်။
နောက်မယ်ဇလီဖူးသုပ်ကို အရက်နဲ့မြည်းကြပါတယ်။ အတော်အန္တရာယ်များတဲ့ ကိစ္စပါ။ မယ်ဇလီဖူးဟာ အခါးလေကို ကောင်းစေပါတယ်။ အရက်ကလည်းအခါး ဒါပေမယ့် အရက်က ပူခါး မယ်ဇလီဖူးကအေးခါး အပူနဲ့ အအေးဆန့်ကျင်ဘက်ဖြစ်နေလို့ အရက်သောက်ရင်း မယ်ဇလီဖူးသုပ်စားရင် လေဖြတ်ရင်ဖြတ် မဖြတ်ရင် ရှော့ဖြစ်တတ်ပါတယ်။ အာရုံကြောထိပြီး အတိတ်မေ့သွားတတ်ပါတယ်။ အထူးရှောင်ကြဖို့ သတိပေးပါရစေ။
နောက်တစ်ခု ထပ်သတိပေးချင်တာက မယ်ဇလီဖူးမှာ ပါတဲ့ဓာတ်က ရောဂါကူးစက်လွယ်စေပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ချစ်သူရည်းစားတွေ တစ်ယောက်နဲ့တစ်ယောက် ဇွန်းတစ်ချောင်းတည်းနဲ့တော့မယ်ဇလီဖူးသုပ် အပြန်အလှန်ခွံမကျွေးမိပါစေနဲ့။ ရောဂါကူးစက်တတ်သည့်အပြင် သွားရည်တွေဟာ သွားချေးတွေကို သယ်ဆောင်ပြီး မယ်ဇလီဖူးကနေတစ်ဆင့် မိမိထံရောက်ရှိလာပါလိမ့်မယ်။
ထပ်သတိပေးချင်တာကတော့ မယ်ဇလီဖူးကို အန္တရာယ်ကင်းကင်းစားသုံးမယ်ဆိုရင် အနည်းဆုံး နှစ်ရေခန့် ပြုတ်ပြီးမှသုပ်ပါ။ မန်ကျီးသီးရေထည့်သုပ်ပါ။ ဆားစတိသာ ထည့်ပါ။ စားပြီးလျှင် လေဆေးလျှက်ဆားလေး စားဖို့မမေ့ပါနဲ့။ အရက်နဲ့ လုံးဝမတည့်ပါ။ သဘာဝဆေးကို ဘေးမဖြစ်စေရန် သုံးဆောင်နိုင်ကြပါစေသော်။
အစာလဲဆေး ဆေးလဲအစာ စားတတ်ကြပါစေ။
ဆရာကြီးဦးဘိုလင်း (နန်းတော်ရှေ့)