ရှေ့ဘာဆက်ဖြစ်မလဲ မသိရတဲ့ ကမ္ဘာ့ရေးရာတွေနဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ
ရုရှားကတော့ စမွှေပြီ။ တရုတ်ကလည်း ထိုင်ဝမ်ကို မျက်စောင်းထိုးနေတော့ ရုရှားလုပ်ရပ်ကို ထောက်ခံတယ်။ တရုတ်နဲ့ ရုရှားက အရင်ကတည်းက ရွှေတွေဝယ်စုနေကြတယ်။ တရုတ်က 2025 ယွမ်ငွေကမ္ဘာသုံးဖြစ်ဖို့ဆိုပြီး လေသံပစ်ပေမယ့် ရုရှားက အကြောင်းပြချက်မရှိဘူး။ ကမ္ဘာစစ်အတွက် ကြိုပြင်ဆင်ခဲ့ကြသလားပဲ။
ပူတင်က ယူကရိန်းကိုဝင်ဖို့အမိန့်မပေးခင်ကတည်းက အမေရိကန်ထောက်လှမ်းရေးက ရုရှားက အကြောင်းပြချက်ရှာပြီး ယူကရိန်းကို ဝင်မယ်ဆိုတာ သတင်းရပြီးသား။ ယူကရိန်းစာသင်ကျောင်းကို ရုရှားထောက်ခံယူကရိန်းသူပုန်တွေရဲ့ လက်နက်ကြီးကျကတည်းက ရုရှားက စစ်ဖြစ်ချင်နေပြီလို့ မှန်းမိတာပဲ။
ခုဆို စတော့ဈေး၊ Crypto ဈေးက ကျလာပြီး၊ ရွှေ၊ ငွေ၊ ရေနံစတဲ့ Hard comodities ဈေးတွေက ထိုးတက်တာပဲ။ အမေရိကန်ငွေကြေးက 1982 နောက်ပိုင်း ဖောင်းပွမှုအမြင့်ဆုံး 7.5% ကိုရောက်လာတယ်တဲ့။ တို့နိုင်ငံမှာတော့ တနှစ်အတွင်း 18% ဖြစ်လာတယ်။
ကမ္ဘာစစ်ဖြစ်ရင်တော့ မတွေးရဲစရာပဲ။ NUG အစိုးရက ငွေကြေးဖောင်းပွမှုကို ကာကွယ်ဖို့ USDT ကို အသိအမှတ်ပြုသုံးစွဲခွင့်တော့ ပေးလိုက်တာပဲ။ USDT ထုတ်တဲ့ Tether company က SEC (US) မှာ တရားရင်ဆိုင်နေရတယ်။ ဈေးကွက်ထဲက Circulation Supply ရဲ့ 30% USD ပဲ လက်ဝယ်ရှိနေလို့တဲ့။ Luna နဲ့ ချိတ်ဆက်ထားတဲ့ UST က Decentralize ဖြစ်ပြီး USDT ထက် ပို Risk နည်းတယ်။ Luna လည်းဈေးကျနိုင်ပေမယ့် သူ့ချိတ်ဆက်မှုအရဆို နဲနဲပိုခံသာမယ် မြင်တာပဲ။ ကိုယ်က အကြံပေးနိုင်တဲ့အဆင့်မှာတော့ မရှိပါဘူး။
ကမ္ဘာစစ်ဖြစ်ရင် ကုန်စည်စီးဆင်းမှုရပ်သွားလို့ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားပျက်ကပ် ဆက်ပါလာလေ့ရှိတယ်။ Hard Commodities ဖြစ်ပြီး liquidity ကောင်းတဲ့ ရွှေက အဝယ်လိုက်ပြီး ဈေးတက်လေ့ရှိတယ်။ နောက် ငွေ၊ ရေနံ၊ ကုန်စည်၊ စားသောက်ကုန်အမာတွေ ဈေးတက်တယ်။ Internet နဲ့ချိတ်ဆက်ရတဲ့ ဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ Digital လုပ်ငန်းတွေ ဈေးကျလေ့ရှိတယ်။ 2008 စီးပွားပျက်ကပ်မှာ ကုမ္ပဏီအတော်များများ ပျက်သွားကြတယ်။
တို့နိုင်ငံက နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသလို ဖြစ်လာနိုင်တယ်။ ဖြုန်းတီးမှုတွေ လျှော့ချပြီး ကုန်စည်အမာတွေ ပြောင်းလဲလုပ်ကိုင်နိုင်ဖို့ ပြင်ဆင်ထားမှ ခံသာမယ်။
Aung Thu Hein