လှည်းကူးက အခြေခံလူတန်းစားတွေ (၅၀၀) ကျပ် နဲ့ ဝမ်းမီးငြိမ်းပါပြီ (ထူးခြားတဲ့ အစီအစဉ်လေး ပါပါတယ်)

မြန်မာပြည်အနှံ့ မြန်ကောင်းသက်သာ ဗိုက်ဝတဲ့ (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ အပြိုင်အဆိုင် ပေါ်လာချိန်မှာ လှည်းကူးသားတွေကလည်း အားကျမခံ (၅၀၀) ကျပ်တန် ထမင်းဆိုင် ဖွင့်လိုက်ပါပြီ။

လှည်းကူးမြို့စျေးကြီးရပ်ကွက် ကမ်းနားလမ်းရှိ Hot pot G ဆိုင်ရှေ့မှာ ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မှစတင်ပြီး ထမင်းနဲ့ဟင်း ၅၀၀ ကျပ်ဖြင့် ကုသိုလ်ပြု ရောင်းချပေးနေပါတယ်။

ငပိရည်၊ တို့စရာစုံလင်စွာနဲ့ အဝစားဖြစ်ပြီး ဆိုင်ဖွင့်ချိန် မနက် ၁ဝ နာရီ ဖြစ်ပါတယ်။ ထိုင်စားပဲရမှာ ဖြစ်ပြီး ဒီနေ့မှာတော့ အလှူရှင်ရှိတာကြောင့် တိုကင်ပြားလေးတွေနဲ့ ဆန်းသစ်တဲ့ မင်းအတွက်ကြိုရှင်းခဲ့တယ်သူငယ်ချင်း အစီအစဥ်လေးလည်း ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page