ဉာဏ်ပညာ မပြောနဲ့ ကျန်းမာရေးအပိုင်းမှာတင် ဘယ်သူမှ မမီနိုင်လောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒီအသက်အရွယ်နဲ့ ဒီလို ထိုင်နိုင်ဖို့ဆိုတာ တော်ရုံကျန်းမာရေးနဲ့ မရနိုင်ပါဘူး။ သူမ စာရေးနေတာကိုကြည့်ပါ။ စာရွက်ကို အတည့်ထားပြီး ရေးတာပါ။

ကြုံခဲ့ရတဲ့ ပညာရေးစနစ်မှာ ခုံတန်းရှည်ကြီးနဲ့ လေးယောက်လောက် မဆံ့မပြဲထိုင်ရတော့ စာရေးတဲ့နေရာမှာ စာအုပ်ကို အတည့်ထားရေးလို့ မရပါဘူး။ ဘေးစောင်းထားပြီး ရေးမှ အဆင်ပြေခဲ့တာ။

ဒါကြောင့် ဒီတိုင်းပြည်မှာ လူတိုင်းနီးပါး စာရေးရင် စာအုပ်ကို ဘေးစောင်းလိုက်ပြီးမှ ရေးတတ်ကြတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ နှစ်နိုင်ငံသဘောတူ လက်မှတ်ထိုးရင် မြန်မာနိုင်ငံက လူကြီးတွေ လက်မှတ်ထိုးရင်စာအုပ်ကို ဆွဲစောင်းပြီးမှ ထိုးကြတာတွေ့ရတယ်။

တခြားနိုင်ငံက လူကြီးတွေက ချပေးလာတဲ့ စာအုပ်ကို အတည့်အတိုင်း ထိုးကြတယ်။ နိုင်ငံတကာမှာ ကျောင်းတိုင်း တခုံတယောက်နှုန်းသာထိုင်ပြီး စာအုပ်ကို အတည့်ထား ခါးကို မတ်မတ်အနေအထားနဲ့ စာရေးတာကိုငယ်စဉ်ကတည်းက လေ့ကျင့်ပေးပါတယ်။ နုငယ်တဲ့ ခလေးတွေရဲ့ ကြောရိုးကို ထိခိုက်မှာစိုးလို့ပါ။

ဒီမှာက နောက်မျိုးဆက် အခုမြေးအရွယ်လည်း စာအုပ်ဘေးစောင်း ရေးနေတုန်းပါ။ ဆရာ/ဆရာမတွေကိုယ်တိုင်ကလည် းမပြင်ပေးကြပါဘူး။ ပြင်လို့လည်း မရပါဘူး။ နေရာထိုင်ခင်းက ခွင့်မပြုဘူးလေ။

ဒီလိုနဲ့ ခလေးလူကြီး အားလုံးရဲ့ ကြောရိုးက မသိမသာရော သိသိသာသာရော စောင်းနေပါတယ်။ ပုံမှန်အနေအထား မဖြစ်ကြဘူး။ ပုံမှန်ကြောရိုးမဟုတ်တဲ့အတွက် အသက်ရလာရင် သူမလို ထိုင်လို့ မရနိုင်ပါဘူး။

သူမရဲ့ ဉာဏ်ပညာကို မပြောနဲ့ ကျန်းမာရေးအပိုင်းမှာတင် ဘယ်သူမှ လိုက်လို့ မီနိုင်မယ်မထင်ဘူး။ အထူးသဖြင့် ခုံနဲ့တရားနာတာလား ဘုရားစာရွတ်တာလား မသိတဲ့ ခေါဘဏီပေါ့။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page