နှစ်တသောင်းမှာ တခါပဲဖြစ်တဲ့ ရာသီဥတုဒဏ်ကို ခံနိုင်တဲ့ တရုတ် ရေပေါ်နူကလီးယားစက်ရုံသင်္ဘောကြီး
(၆၀) မဂ္ဂါဝပ်ထုတ်ပေးနိုင်တဲ့ ဒီတန်ချိန် (၃၀,၀၀၀) ဆန့်သင်္ဘောကြီးဟာ နှစ် (၁၀,၀၀၀) မှ တစ်ကြိမ်တစ်ခါပဲဖြစ်နိုင်တဲ့ ရာသီဥတုဆိုးရွားမှုဒဏ်ကိုတောင် ခံနိုင်ရည်ရှိပါသတဲ့။
ဒါဟာ ဆိုင်ကလုန်းမုန်တိုင်းဟာ တစက္ကန့်လျှင် ၃၇ မီတာအရှိန်နဲ့ပြေးဆောင့်ရင်တောင်မှ ခံနိုင်ရည်ရှိတဲ့သဘောပါပဲ။
၁၉၆၀ ခုနှစ်လောက်က ပနားမားဒေသက စစ်စခန်းအတွက် အမေရိကန်ဟာ (၁၀) မီဂါဝပ်ထုတ်ပေးနိုင်တဲ့ ရေပေါ် နူကလီးယားဓါတ်အားပေးစက်ရုံ တည်ဆောက်ခဲ့ဖူးပါတယ်။
လောလောဆယ်တော့ ပင်လယ်ထဲက နူကလီးယားဓါတ်အားပေးစက်ရုံကို ရုရှားကပဲ ပိုင်ဆိုင်ပါသေးတယ်။
လာမယ့်နှစ်ကုန်ပြီးရင် တရုတ်ဟာ ၂၅၀ မီဂါဝပ်အထိထုတ်နိုင်တဲ့ ရေပေါ်နူကလီးယားစက်ရုံတွေ ထပ်ဆင့်တည်ဆောက်သွားဦးမယ်လို့ ဆိုပါတယ်။
Francis Zin