ရန်ကုန် ဘတ်စ်ကားတွေပေါ်မှာ သောင်းကျန်းနေတဲ့ ခါးပိုက်နှိုက်အဖွဲ့ (YBS 14 ပေါ်မှာ ဖြစ်သွားတာပါ)

ခါးပိုက်နှိုက်ရဲ့ပုံနဲ့ဒီ‌နေ့ ကိုယ့်အတွေအကြုံလေးကို မျှဝေချင်လို့ပါ။ ကိုယ်က ၁၄နဲ့ ၆၀ကိုလှည်းတန်းက စီးနေကြပါ။

ဒီနေ့မှ ၁၄က ခါတိုင်းထက် လူပိုကြပ်ပါတယ်။ ကားပေါ် စစတက်ခြင်း အဆင်းနေရာနားမှာ ရပ်ရပါတယ်။ နောက်ကို ထပ်တိုးလို့ မရတော့လို့ပါ။ လက်တဖက်က ထမင်းဘူးနဲ့ဖုန်းကို ကိုင်ထားပြီး တဖက်လက်က အပေါ်ကတန်းကို ကိုင်ထားတာပါ။

ကျောပိုးအိတ်ကိုလဲ ညာဖက်ပခုံးကလွယ်ပြီး ရှေ့မှာထားထားတာပါ။ အဲ့လူက မြန်မာပလာဇာဝန်းကျင်ကတက်လာတာဖြစ်နိုင်ပါတယ်။ ကိုယ့်ဘေးညာဘက်ခြမ်းကို ရောက်လာတာက ရန်ကင်းတဝိုက်မှာပါ။

အဲ့ချိန်မှာ နဲနဲချောင်သွားပေးမယ့် နေရာမရပါဘူး။ ရပ်‌တဲ့သူတွေတော့ ရှိနေဆဲပါ။ သူက သူ့ကျောပိုးအိတ်ကို ရှေ့မှာ လွယ်ထားပြီး ညာလက်နဲ့ပိုက်ထားသလိုနဲ့ ကိုယ့်အိတ်က ဇစ်ကို အသာ‌လေးဆွဲပါတယ်။

ပထမတကြိမ် ဆွဲတုန်း တုန့်ခနဲဖြစ်သွားတော့ ကားဘရိတ်အုပ်တာကြောင့် ဒါမှမဟုတ် လူနည်းနည်းများသေးတာကြောင့် ထင်တယ်လို့ တွေးနေသေးတာ။ နောက်တကြိမ် အဲ့လိုဖြစ်လို့ ကြည့်လိုက်တဲ့အချိန်မှာ အိတ်ရဲ့ဇစ်က လက်တဝါးစာလောက်ပွင့်နေပါပြီ။

အဲ့အချိန်မှာပဲ အဲ့လူက ဆင်းမယ်အပေါက်နားကို ရောက်နေပါပြီ။ သူပဲ ကံဆိုးတာလားတော့မသိ ကားမှတ်တိုင် မရောက်သေးတော့ သူဆင်းမရဘူး။

ကိုယ်လဲသိသိချင်း “ငါ့အိတ်ကို ဖွင့်တာ တော်တော်ပွင့်နေပြီ။ စောစောစီးစီးကျက်သရေမရှိဘူး အဲ့အကျီအမဲနဲ့လူ “ဒေါသထွက်လိုက်တာ”လို့ပြောပြီး ငါဘာလုပ်ရင် ကောင်းမလဲစဉ်းစားတယ်။

သူတို့က တယောက်ထဲတော့မလာဘူး အဖွဲ့ရှိနိုင်တယ် ငါနေ့တိုင် းအသွားအပြန်တယောက်ထဲသွားနေရတာ အငြိုးထားပြီး တခုခုလုပ်လိုက်မလား စဉ်းစားပြီး တော်ပြီ ငါလဲဘာမှပါတာမှ မဟုတ်တာဆိုပြီး အနားက အမကို ထမင်းချိုင့်လေး ကိုင်ပေးပါ။ ညီမဓါတ်ပုံရိုက်ချင်လို့လို့ ကြားအောင်ပြောပြီး ရိုက်ခဲ့လိုက်တယ်။

တကယ်တော့ဒီထက်မကပြောချင်သေးတာ တွေးထားတဲ့အတိုင်းပဲ သူ့မှာနောက်ထပ်၂ယောက်ပါသေးတယ်။ ကိုယ်ပြောနေတဲ့အချိန်မှာ သူတို့အချင်းချင်း စကားပြောပြီး ရယ်တောင်နေသေး။

ဒေါသထွက်တာဆိုတာ အသားပါတုန်တယ်။ မှတ်တိုင်ရောက်လို့ ကားရပ်တာနဲ့ အဲ့လူတန်းဆင်းပြေးတာပဲ ပုံစံကလုံးဝမထင်ရတာ။ YBS စီးတဲ့သူတွေသတိထားရအောင် ဒီနေ့ အတွေ့အကြုံကို ရှဲပေးတာပါ။

ကြုံလာရင် မကြောက်ပါနဲ့ ကိုယ် သိတယ်ဆိုတဲ့ အကြောင်းပြောပါ၊ ငြိမ်မနေပါနဲ့ ကို့အနားက သူတယောက်ယောက်ကို နှိုက်တာ မြင်ရင်လဲ ကူညီပြီးပြောပေးကြပါ။ ကျေးဇူးပါ။ ပုံကတော့ ဒေါသထွက်လို့ လက်တုန်တာနဲ့ ကားစီးနေရင်းနဲ့ ရိုက်ရတာနဲ့မလို့ နည်းနည်းတော့ ဝါးသွားတယ်။

Mayme Soe

Leave a Reply

Your email address will not be published.

x

You cannot copy content of this page