ဘုရားမဟုတ်တဲ့ ညာတင်ကုတ် (သို့) ရှေးလောကီဆရာကြီးများ စီမံခဲ့တဲ့ လိုတရအဆောင်တခု

ဒီတစ်ခါတော့ လောကီဗဟုသုတ အကြောင်းလေးပြောပြပါမယ် မိမိမှာရှိခဲ့ရင်လည်း ဘာလုပ်ရမှာလည်း ဆိုတာ သိရအောင်လို့ပါ။ ဘုရားမဟုတ် ညာတင်ကုတ် ကိုင်ကြည့်လက်တစ်ဆုပ် ပညာခန်း တစ်ခန်းမြုပ် လူပ်ကြည့်တကုတ်ကုတ် သိသူဖော်စား မသိသူကျော်သွားတဲ့

ဒီအကြောင်းပြောရရင် ရာဇဝင်များတယ် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုဘဲ အယူဆများပါတယ်။ တစ်ချို့ကလည်း ဆေးညာတင်ကုတ်ဆိုပြီး ရှိပြန်ပါတယ်။ အမျိုးမျိုးပေါ့။

ညာတင်ကုတ် ဆိုတာ ရှေးလောကီ ပညာရှင်တွေက စီမံခဲ့တာပါ။ ဘုရားမဟုတ်ပါ။ ဂမ္ဘီရ ပစ္စည်းတစ်ခုသာဖြစ်ပါသည်။အဓိက ကတော့ အဂ္ဂိရတ်သမားတွေတွက်လို့ပြောပါတယ်။ အတုတွေလည်းပေါပ ။မြန်မာနိုင်ငံမှာတော့ ဈေးကြှီးပေးဝယ်ကြပါတယ်။

သူ့ရဲ့အစွမ်းက အစစ်ဆိုရင် လိုတရတယ်လို့တောင်ပြောပါတယ်။ တစ်ချို့ကလည်း ဘာပြီးညာပြီးလို့ ပြောကြပါတယ်။ မြန်မာပြည်မှာ တစ်ချို့က ၁၃ခု တစ်ချို့က ၁၂ ခု တစ်ချို့ကလည်း ၃ ခု ၅ ခု ၂ ခုဘဲရှိတယ်လို့ပြောကြပါတယ်။ စာရေးသူလည်း အသေချာမသိပါ။ သိသလောက် ပြောရရင် (စာတွေ့ပါ)

ညာတင်ကုတ်မှာ ပြဒါးရည် အလိုက် အဖြူ အနီကွဲပါတယ်။ ၄.၆စင်တီမီတာ ရှိတယ်လို့လည်း ပြောကြပါတယ်။ ထုပ်တန်းပေါ်တင် ဆွမ်းကပ်ပါက မျက်နှာတစ်ဖက် လွှဲသွားပါတယ်တဲ့။ ပြဒါးရည် ပြဒါးရှင်နှင့်ပြုလုပ်ထားတဲ့တွက် အစွမ်းထက်ပါတယ်။ အထဲမှာ ပြဒါးလုံးရှိပါတယ်။ ဖယောင်းတိုင်မီးကပ်ဆွဲပါက ၃ပေကျော်ထိလိုက်ပါတယ်တဲ့။

ရွှေထည့်ရင်ဖြူကာ ငွေထည့်က နီသောရုပ်ထုများလည်းရှိပါတယ်။ ပြဒါးခဲသောရုပ်ထုသည် ပလ္လင် အောက်၌ပြဒါး၅ကျပ်သား တင်ခဲနိုင်သော သပိတ်ခြမ်းပါသည်ဟု ပြောကြပါသည်။ ရုပ်ထု၌မခဲ့ပါ။ မှိုကိုးချက်ပါသည်ဟုပြောကြပါသည်။ အင်းကွက်ပါခြင်းပလ္လင်အောက်၌ လက်ဗွေရာပါရှိခြင်း ကျော်ဘက်၌ စ.ဓ.ဗ.ဝအင်းပါသည်ဟုပြောကြပါသည်။ယခုပု့တစ်ချို့မှာက ရင်ဘက်၌သာတွေ့ရပါသည်။မမြင်ဘူး၍မသိပါ။

ထူခြားမူက လုံထဲထည့်ကျိုပြီး အခြားလုံဆေါင်တစ်ခုထဲသို့ လောင်းထည့်ပါက ပုံစံတူအတိုင်းပြန်ရပါသည်။ ၃ ခါလုပ်က ၃ခုရသည့်သဘောပါ။စက်နိူးထားသော ကားဒက်ဘုရ်ပေါ် တင်ပါက ကားစက်သေပါသည်။ ကားစက်ပြန်နိူးမရပါ။

ပြဒါး ၅၀ သား ထည့်ထားသော စတီးချိုင့်ထဲ ထည့်ပါက မလဲဘဲ ဘေးဘယ်ညာသို့ ပြောင်းထိုင်ခြင်း ထိုင်နေသောခါ မင်းကိုယ် ရောင်းခွင့်မရှိပါက ထူးခြားမူ့ပြပါဟု ပြောပါက ပြဒါးထဲသို့ ဝင်သွားပါလိမ့်မည်။ သိမ်ဝင်အပ်နဲ့ ထိုးပါက အပ်ခေါင်းပေါ်မှာဝဲခြင်း ဖြစ်ပါလိမ့်မည်။ ထိုးစိုက်မရပါ။ ပြဒါးအဖြူသေထက် အနီသေက ပိုစွမ်းပါသည်။ သို့သော် အဖြူကို တွေ့ရခဲပါသည်။ ပြဒါးအဖြူသေကို ညာတင်ကုတ် အဖြူဟုခေါ်ပါသည်။

သာမာန်လူသုံးစွဲပါက မိမိလိုအပ်သောသူကို အရုပ်ကိုင်ပြီး ပါးစပ်ကပြောပါက နောက်နေ့ ရောက်လာ၏။ လိုရာ ဖြည့်ဆည်း ပေး၏။ သာမာန်လူများအဖို့ကား သီလသမာဓိ ကိုယ်မှာ ရှိရ၏။

အစစ်သည် မှိုကိုးချက် လေးကွက်အင်း လက်ဗွေရာများရှိသည်။ အရည်လောင်းသော်လည်း အေးပါက ဤအတိုင်း ပြန်ဖြစ်သည်။ ၎င်းပစ္စည်းသည် သိဒွိဝင်ပစ္စည်းဖြစ်၍ ဘုရားတည်ကျောင်းဆောက် သာသနာပြုလုပ်ငန်းများ၌များစွာ အသုံးဝင်သည်။ သာမာန်လူအဖို့ကား ပီယ ဓန ပီယသျို မျှသာ အသုံးဝင်လိမ့်မည်။ လောကီလမ်းဘက်သာ အားပေးသည်ဟုသိရသည်။

အစစ်ဖြစ်ပါက ဝိသမ လောဘသားများ ရောင်းဝယ်ပါက မိသားစုအား ခိုက်၏။ အန္တရာယ် များ၏။သတိထားပါ။ လက်ထဲကိုင်ထားပြီး လောဘနှင့်လိုက်မရောင်းရပါ။

ပြဒါးကပ်တယ် မီးဆွဲတယ် အသားပြရင် မျက်နှာလွဲတယ် အပ်ဝဲတယ် အင်းကွက်ပါတယ်။ ဝယ်သူလာရင် အိပ်မက်ပေးတယ်။ ဝယ်သူလာရင် အစွမ်းမပြဘူး။ မီးနှင့်ပခုံးပေါ် ဝိုက်ဆွဲပါက ကြား၌ သက်တန့် ရောင်ထွက်သည်။

မှတ်ချက် ။ ဖတ်ဖူးသမျှကိုသာ မျှဝေခြင်းဖြစ်ပါသည်။ ဘာမှမသိပါ။ ဗဟုသုတ အလိုငှါတင်ပြခြင်းဖြစ်ပါသည်။ (Hla Than Aung)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page