မြန်မာပြည်ပေါ် ဆိုင်ကလုန်းမုန်တိုင်းကြီးရဲ့ သက်ရောက်နိုင်မှုကို ပြောလိုက်တဲ့ ဆရာမလေး စုစုစံ

ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေဒေသ အင်ဒရာပရာဒက်ရှ်ပြည်နယ်၊ အူဒီဆာ၊ အနောက်ဘင်ဂေါ ပြည်နယ်တွေနှင့် ဘင်္ဂလားဒေ့ရှ်ဒေသတွေကို မိုးကြီးရေလျှံ ဖြစ်ပေါ်စေမယ့် Jawad cyclone မုန်တိုင်းကြီးသည် ၂၀၂၁ ဒီဇင်ဘာလ ၂ရက်နေ့မှ ၆ရက်နေ့အတွင်း ဖြစ်ပေါ်လာပါလိမ့်မယ်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေသာ မိုးကြီးနိုင်ပြီး အဆိုပါရက်များအတွင်း မြန်မာတနိုင်ငံလုံးတွင် အေးမြ သာယာနေပါလိမ့်မယ်။

မုန်တိုင်းကြောင့် ဖျက်မိုးကို စိုးရိမ်ကြောင့်ကြနေကြသူတွေ မစိုးရိမ်ပါနဲ့ ရိတ်စရာရှိတာရိတ်ပါ အခြောက်လှမ်းစရာရှိတာလှမ်းပါ။

ဆောင်းသီးနှံ စိုက်ပျိုးကြမည့် သူများလည်း ရဲရဲတင်းတင်း စိုက်ကြပါ။ မိုးလွတ်လေလွတ်ပါတယ် ရမည်းသင်း ရွာတန်းကအမျိုးတွေလည်း ဆောင်းနှင်းရည်သောက်ပြီး စပျစ်သီးလေးတွေ ဝေဝေဆာဆာသီးပွင့်လာပါလိမ့်မယ်။

အဆိုပါရက်များအတွင်း တစ်နိုင်ငံလုံးမှာ အအေးပိုလာပါလိမ့်မယ်။ ၂၀၂၁ ဒီဇင်ဘာလ ၆ ရက် ၇ ရက် ၈ ရက်နေ့တွေမှာတော့ Jawad ဆိုင်ကလုံးမုန်တိုင်းကြီးရဲ့ အထက်လေဝဲစနစ် Upper air circulation (UAC) တွေသည် ချင်းပြည်နယ်အဖျားခတ်ရောက်ရှိနိုင်ပြီး

စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်တွေကို ရောက်ရှိလာကာ အဆိုပါဒေသတွေ မိုးရွာသွန်းမည်ဖြစ်သဖြင့် အဆိုပါဒေသတွင်းရှိ တောင်သူလယ်သမားများသည် မိုးကြောက့်ပျက်စီးနိုင်သော ကောက်ရိတ်ပဲသီးနှံများကို ၅ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံတဲ့ အမိုးအကာအောက်ကို ရောက်ရှိအောင် ဆောင်ရွက်သင့်ပါကြောင်း မင်းဂွတ်သီးလေးက ကြိုတင်ခန့်မှန်းချက်ထုတ်ပြန်ပေးလိုက်ပါတယ်။

ခန့်မှန်းချိန် (၂-၁၂-၂၀၂၁ မနက် ၇ နာရီခွဲ)

Su Su San (Senior Meteorologist Advanced Weather Forecaster & Meteorological Intelligence Officer)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page