ရန်ကုန်သင်္ဃန်းကျွန်းက ပြည်သူတွေ ထိုင်ရာမထ အဆင်ပြေစေဖို့ မိုဘိုင်း (၅၀၀) ကျပ်တန် ထမင်းဆိုင် လာပြီ
YG ပရဟိတလူငယ်များရဲ့ အဝစား၅၀၀ ကျပ်တန် ထမင်းဆိုင်ကို သဃ်န်းကျွန်းမြို့နယ်မှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။
မြို့နယ်အတွင်း ကားနဲ့လှည့်လည် ရောင်းချ ပေးနေတာဖြစ်ပြီး ထိုင်စားကော ပါဆယ်ပါရတယ်လို့ သိရပါတယ်။
လူမျိုး ဘာသာမရွေး စားသုံးနိုင်စေဖို့ သန့်သန့်ရှင်းရှင်း ချက်ပြုတ်ထားတယ်လို့ သိရပါတယ်။
မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင် အများစုဟာ တနေရာထဲမှာပဲ အထိုင်ချ ဖွင့်လှစ်တဲ့ ဆိုင်တွေ များတာကြောင့် သွားရေးလာရေး ခက်ခဲတဲ့ သက်ကြီးရွယ်အိုများနဲ့ ခရီးလှမ်းတဲ့ နေရာကသူတွေ အနေနဲ့ လက်လှမ်း မမီတဲ့ အနေအထားမျိုး ဖြစ်ပေါ်နေကြောင်း၊
ယခုလို ကားဖြင့် လှည့်လည် ရောင်းချပေးတာကြောင့် ထမင်းဟင်း ပိုလျှံမှု နည်းပါးသလို လိုအပ်တဲ့သူဆီကို တိုက်ရိုက် ရောက်ရှိကြောင်း၊ ဖြစ်နိုင်ရင် ပြည်သူ့ဆေးရုံလို နေရာမျိုးမှာ မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင် များ လာရောက် ဖွင့်လှစ်စေလိုကြောင်း ပြည်သူတဦးက အကြုံပြုထားပါတယ်။
လှူဒါန်းကြတဲ့ အလှူရှင်များနဲ့ လုပ်အားဒါန ပြုကြတဲ့ လူငယ်မောင်မယ်များ အားလုံး ကိုယ်စိတ်နှလုံး ချမ်းမြေ့ကြပါစေလို့ ဒီနေရာကနေ ဆုတောင်း လိုက်ရပါတယ်။