အရစ်ကျပြီး အရကျစ်မယ့် စပါယ်ရှယ်အကောင့်နဲ့ မြန်မာပြည်ထဲက ဘဏ်မဟုတ်တော့တဲ့ ဘဏ်တွေ

ဘဏ်အဝင်ဝမှာ “စပယ်ရှယ်အကောင့် ဖွင့်နိုင်ပါပြီ အတိုး ဘယ်လောက်ဘာညာ” ရေးထားလို့ ဘဏ်ထဲမှာ ယူနီဖောင်း မဝတ်ဘဲ အိမ်နေရင်း ဝတ်စုံတွေနဲ့ အလုပ်လုပ်နေတဲ့ ဘဏ်ဆာ၊ ဆာမများကို မေးကြည့်ထားတဲ့ အပြန်အလှန် စကားပြောပုံလေးကို ဖော်ပြ လိုက်ပါတယ်။

ကာစတန်မာ – စပယ်ရှယ်အကောင့် ဆိုတာဘာကြီးလဲ အဆင်ပြေလား

ဘဏ်ဆာ/မများ – မိုက်တယ် deposit ပေးပြီး ဖွင့်ရတာ ငွေထည့်ပြီး ငွေပြန်ထုတ်လို့ ရတယ်

ကာစတန်မာ – အော်အဆို မိုက်ပီလေ။ ကျနော် ဒီနေ့သိန်း ၂၀၀ ထည့်မယ်ဗျာ နောက်နေ့ တိုက်ခန်း/ကား အမြန်ဝယ်ဖို့ (သို့) အရေးပေါ်ငွေလိုရင် သိန်း ၂၀၀ လုံးအကုန်ပြန်ထုတ်လို့ရလား

ဘဏ်ဆာ/မများ – အဲဒါတော့ဘဏ်ခွဲနဲ့ပဲဆိုင်တယ် သူတို့မှာ ငွေရှိရင်ပေးလိမ့်မယ် ဇကောဇက ပဲဆိုရင် ညှိ ရမယ် မရှိရင် အရစ်ကျနဲ့ ထုတ်ရမယ် တရက် ၂၀ လောက်တော့ရမှာပေါ့တဲ့ ကံကောင်းရင် ၁၀၀ နှစ်ကြိမ် (သို့) ၅၀ လေးကြိမ် လဲဖြစ်ရင်ဖြစ်မှာပေါ့

ကာစတန်မာ – ပြောတော့ စပယ်ရှယ်အကောင့်ဆို ငွေပြန်ထုတ်ပေးတယ်ဆို တလုံးထဲပြန်ထုတ်လို့မရဘူးလား

ဘဏ်ဆာ/မများ – ပြန်ထုတ်ပေးတယ်လေ အရစ်ကျနဲ့ပါဆို အစ်ကိုပြောတဲ့ တလုံးထဲက ခုဘဏ်မှာ ငွေအပ်တဲ့ နှုန်းနဲ့က ပြန်ထုတ်ပေးဖို့ မလွယ်လောက်ဘူး

ကာစတန်မှာ – စပယ်ရှယ်အကောင့်ဆို ပြီးတော့ အဲဒီငွေကလဲ ကျွန်တော့်ငွေပဲလေ ပြန်ထုတ်ပေးရမှာပေါ့

ဘဏ်ဆာ/မများ – ထုတ်ပေးမယ်လေ ဘဏ်နဲ့ညှိပီး အရစ်ကျနဲ့

ကာစတန်မာ – ပြောတော့ စပယ်ရှယ်အကောင့်ဆို

ဘဏ်ဆာ/မများ – အင်းဟုတ်တယ်

Leave a Reply

Your email address will not be published.

x

You cannot copy content of this page