နားမလည်ဘဲနဲ့ စားမိရင် မြွေဆိပ်ထက် ပိုပြင်းတဲ့ ပီလောပီနံဥ (အထူး ဂရုစိုက်ကြပါ)

လွန်ခဲ့တဲ့ (၃)ရက်က သူငယ်ချင်းတ​ယောက်နဲ့ စိုက်ပျိုး​ရေးခြံက အပြန် ပီ​လောပီနံဥ​တွေ လက်​ဆောင်​ပေးလိုက်တယ်။

အိမ်​ရောက်​တော့ ပြုတ်စားတယ်။ ​ပြောရရင် သိပ်စားမ​ကောင်း​တော့ များလည်းများ​နေတာနဲ့ စားမကုန်ဘူးဖြစ်သွားတယ်။ ဘာလုပ်ရင်​ကောင်းမလည်း စဥ်းစားရင်း ဂူးဂဲ​ခေါက်လိုက်​တော့။ မြန်မာ​တွေ​ပြော​နေကျ စကားသွားသတိရတယ် ပီ​လောပီနံ ကို ပဲကြား​လှော်နဲ့ တွဲ မစားရဘူးတို့ ၊ သကြားနဲ့ ဆို ​သေတယ်တို့ စသည်ဖြင့်​ပေါ့။ တကယ်တမ်းက အဲ့တာ​တွေက ဘာအကိုးအကား အ​​ထောက်ထားမှ မ​တွေ့ရဘူး။

ကျွန်​တော် သွား​တွေ့မိတာက ပီ​လောပီနံဥ (က​လောဥ) က အဆိပ်ပြင်းတဲ့ အ​ကြောင်းသွား​တွေ့တယ်။ ဆို​တော့ ဘယ်လို အဆိပ်ပြင်းသလည်းဆိုရင်.. ပီ​လောပီနံဥမှာ အချိုမျိုးနဲ့ အခါးမျိုးဆိုတာ ရှိတယ်။ အခါးဆိုတာ​တော့ ပြုပ်စားရင်​တောင် ခါးသက်သက်နဲ့ ၊ အချိုဆိုတာက​တော့ ကန်စွန်းဥလို ချိုတာမျိုး​မဟုတ်ပဲ မခါးလို့ အချိုမျိုးလို့ ​ခေါ်တာ။

အဲ့​တော့ ပီ​လောပီနံ အခါးမျိုး 300g (ကြက်ဥ ၅လုံး​လောက် အ​လေးချိန်) မှာ အ​ပေါ်က ​ပြောထားတဲ့ ဆိုင်ယာနိုက် အဆိပ်ဒြပ်​ပေါင်း 300mg ​လောက်ပါပြီးတော့ အချိုမျိုးက​တော့ 6mg ​လောက် ပါ​သေးတာကို ​တွေ့ရပါတယ်။

လူတ​ယောက်​ ကွယ်လွန်ဖို့ အတွက် ဆိုင်ယာနိုက် အဆိပ် 100mg ဆို လုံ​လောက်ပါတယ်။ ခုလို​ပြောလို့ အရမ်း​တော့ လန့်မသွားပါနဲ့။ ဒီအဆိပ်​တွေက ဘယ်မှာ ရှိလည်းဆိုရင် ပီ​လောပီနံဥ ရဲ့ အခွံမှာ ရှိပါတယ်။ ပွက်ပွက်ဆူတဲ့ ​ရေမှာ အချိန်ကြာကြာ ပြုတ်လိုက်ရင် ဒြပ်ပျယ်သွားတယ်လို့ဆိုပါတယ်။

အရပ်စကားနဲ့ ​ပြောရရင် ပီ​လောပီနံ အဆိပ်သင့်တာကို ​တောက်တယ်လို့ ​ပြောကြတယ်။ ဘယ်လိုဖြစ်ပီး ​တောက်သလဲဆိုတာ ဖြစ်နိုင်​ချေကို ပြန်စဥ်းစားရင် လူ ၁၀၀ မှာ ၉၉ ​ယောက်က ပြုတ်တယ်ဆိုရင်လည်း အခွံပါ ထည့်ပြုတ်ကြတယ်။

ပြီးတော့ ပြုတ်ထားတဲ့ အရည်​တွေကလည်း အခွံ​ပေါ်မှာ စိုပီးကျန်ခဲ့အုန်းမယ်။ အခွံကို လက်နဲ့ မခွာပဲ ငှက်​ပျောသီးစားသလို သွားနဲ့ ကိုက်ခွာလိုက်တဲ့ က​လေး​တွေလည်း ရှိ​ကောင်းရှိမယ်။ ပြုတ်ထားတဲ့ အတွက် အဆိပ်ပမာန အ​တော် နည်းသွား​တော့ ​သေတဲ့ အဆင့်ထိ မ​ရောက်ပဲ မူးတာ ၊ အန်တာ ၊ သတိလစ်သွားတာ မျိုး​လောက်ပုံ ကြုံရတာမျိုးပါ။

အခုချိန်ကာလမှာ ပီ​လောပီနံ​တွေ ​ပေါလာတဲ့ အချိန်ကာလမို့ အန္တရာယ် မဖြစ်​အောင် အချိန်မှီ သတိ​ပေးလိုတာမို့ အချိန်ကုန်ခံပီး စာအရှည်ကြီး ​ရေးပီး ရှင်းပြ​ပေးလိုက်ပါတယ်။

ပီ​လောပီနံဥစားမယ်ဆိုရင် အစိမ်းကို ​ယောင်လို့မှ မကိုက်မိပါ​စေနဲ့ ။ အခွံကို ဓါးနဲ့ ခွာချပီး နူးအိ​နေ​အောင် ​သေခြာပြုတ်ပီးစားပါ။ ရေခမ်းမပြုတ်ပဲ ​ရေများများနဲ့ ပြုတ်ပီးရင် ​ရေ​တွေ အကုန် သွန်ပစ်ပါ။ ပြုတ်ပီးရင်လည်း စိတ်ချရ​အောင် အ​ပေါ်က ရေ​အေးနဲ့ အနှံ့​ဆေးချ​ပေးမယ် ဆိုရင် စိတ်ချလက်ချ စားလို့ ရပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page