ရန်ကုန် စိုက်ပျိုးရေးမှတ်တိုင်ရှေ့မှာ တွေ့သမျှ မိန်းကလေးတိုင်းကို ဓာတ်ပုံလိုက်ရိုက်နေတဲ့ တဏှာကောင်

မဟုတ်တာတွေ တင်တဲ့ အင်တာနက် စာမျက်နှာ တချို့မှာ မိန်းကလေးတွေရဲ့ နောက်ပိုင်းကို ဖုန်းနဲ့ ခိုးရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တင်ပြီး မြိန်ရေယှက်ရေ အရသာခံ ပြောတဲ့ တဏှာကောင်တွေ အများကြီး ရှိပါတယ်။

နိုင်ငံတကာမှာတော့ ဒီလို ဓာတ်ပုံ၊ ဗီဒီယို ရိုက်ခြင်းဟာ ကြီးမားတဲ့ ပြစ်ဒဏ်ကျူးလွန်မှု ဖြစ်သလို ပြင်းပြင်းထန်ထန်လည်း အရေးယူကြပါတယ်။ တရားစီရင်ရေး မဏ္ဍိုင် ကျွမ်းပြန်နေတဲ့ မြန်မာပြည်မှာတော့ ဒီလို လုပ်ရပ်ကို ထမင်းစား ရေသောက်သလို သဘောထားနေကြပါတယ်။

ကင်မရာတလုံးနဲ့ အဲဒီလို လိုက်ရိုက်နေတဲ့သူတွေ ပပျောက်အောင် သူတို့ကို များများ ဖော်ထုတ် ပေးဖို့ လိုပါတယ်။ အခုလည်း ရန်ကုန်၊ ပြည်လမ်း၊ ဂျန်းရှင်းစကွဲ စိုက်ပျိုးရေး မှတ်တိုင်မှာ ဏှာထနေတဲ့ တဏှာကောင် အကြောင်းကို ပုံနဲ့ တကွ ဖော်ပြပေးလိုက်ပါတယ်-

နေ့တိုင်း ညနေရုံးဆင်းချိန် ၅ နာရီခွဲ‌ကျော် ဂျန်ရှင်းစကွဲ စိုက်ပျိုးရေးမှတ်တိုင်မှာ 65 ယဉ်လိုင်းစီးတဲ့ လူတိုင်း အဲဒီလူကို မျက်မှန်းတန်းမိမှာပါ။

အဲဒီလူက ဖုန်းကိုင်ပြီး လမ်းသွားလမ်းလာ မိန်းကလေးတိုင်းကို ဓာတ်ပုံရိုက်တယ်။ ရုံးတက်ရုံးဆင်းချိန်ဆို 65 လိုင်းကားကိုအမြဲစီးပြီး ကားပေါ်မှာ မိန်းကလေးတိုင်းကို ထောက်တယ်။

ဒီလူကိုတွေ့ ရင် မိန်းကလေးတိုင်းသတိထားပြီး ကိုယ့်အန္တရာယ်ကို ကာကွယ်‌လို့ရအောင် ပုံတင်ပေးခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page