မီးဖိုချောင်ထဲက လူသိပ်မသိသေးတဲ့ နတ်ဆိုး (သို့) သံကျွတ်ဒယ်အိုးများ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သံကျွတ်ဒယ်အိုးတွေ။
ဟောင်ကောင်စားသုံးသူကာကွယ်ရေးအဖွဲ့က နာမည်ကြီးတံဆိပ် (၇) ခုကို ယူစစ်ဆေးရာမှာ (၄) ခုဟာ နိုင်ငံတကာကခွင့်ပြုထားတဲ့စံပမာဏထက် သံသတ္ထုဓါတ်တွေပိုထွက်နေတာကို တွေ့ရှိခဲ့ပါတယ်။ သူတို့စစ်ဆေးတာဟာ ကန်ဒေါ်လာ ၁၀၀-၅၀၀ တန်ကြေးရှိတဲ့ ပြင်သစ်၊ဂျပန်၊ အမေရိကန်၊ တရုတ်ကထုတ်တဲ့ နာမည်ကျော်ဘရန်းတွေပါ။
ဒီကြွေရည်သုတ် သံဒယ်အိုးတွေကို ၉၅’C မှာ (၂) နာရီအကြာထားပြီး ဟင်းချက်စစ်ဆေးခဲ့တာပါ။ တချို့အိုးတွေဟာ သတ်မှတ်စံနှုန်းတွေထက် ၁၆ ဆ ကနေ ၅၄ ဆ အထိ အပူပေးရာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အထူးအားဖြင့် ဂျင်း၊ ဗနီကာနဲ့ပေါင်းတဲ့အသားတုံးတွေလို အက်ဆစ်ပါတဲ့အစားအစာတွေက သံဓါတ်တွေကို ပိုပြီးထွက်လာစေပါတယ်။
အဲလို သံဓါတ်တမျိုးမျိုးပါတဲ့ ဟင်းတွေကို စားမိရင် ပြသနာတွေကတော့ ခေါင်းကိုက်ပြီး မအီမလည်ဖြစ်တာ၊ ဝမ်းသွားတာ၊ လည်ပင်းကြီးတာ၊ လက်တွေတုန်တာ စတဲ့ရောဂါတွေ မသိမသာ ဖြစ်ပေါ်လာကြပါလိမ့်မည်။
ဒါကြောင့်စစ်ဆေးရေးအဖွဲ့ဟာ ကြွေရည်အလွှာတွေ အက်နေတဲ့ သံဒယ်အိုးတွေကို ဆက်မသုံးကြဖို့၊ ကြွေရည် မသုတ်ထားတဲ့ သံဒယ်ပိုင်းတွေကို မသုံးကြဖို့ အကြံပြုပါတယ်။ ဒယ်အိုးကုမ္ပဏီတွေကတော့ သူတို့ product တွေဟာ ISO, USA standard, EU standard တွေနဲ့အညီ လိုက်နာပြီးထုတ်ထားတယ်လို့ စောဒကတက်ကြပါတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ်ဟာ သံဓါတ်လည်း လိုအပ်တယ်မို့လားလို့ ထောက်ပြခဲ့ကြပါသေးတယ်။
အော်….ဝိသမလောဘစီးပွါးရေးသမားတွေများ ဘယ်သူသေသေ ငတေမာတွေချည်းပါပဲ။ နောက်ဆုံးတော့ ဘိုးဘွားတွေခေတ်ကလို မြေအိုးနဲ့ချက်စားတာကပဲ အန္တရာယ်ကင်းမယ် ထင်ပါတယ်။
Francis Zin