ကိုဗစ်လူနာတဦးကို သိန်း (၂၀) တောင်းတဲ့ မိုင်းဆတ်ဆေးရုံ (ကွယ်လွန်သူတွေပါ အကြွေးတင်တဲ့အဖြစ်)

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကိုဗစ်ပိုးကူးစက်သူများ စကစလက်အောက်ခံ ပြည်သူ့ဆေးရုံတွင် ဆေးသွားကုသရာ တစ်ဦးကို သိန်း (၂၀)ကျပ် ပေးဆောင်ရကြောင်း စုံစမ်းသိရှိရပါတယ်။

အဆိုပါ မိုင်းဆတ်ပြည်သူ့ဆေးရုံတွင် သာမန် ကိုဗစ် ကုသနည်းဖြင့် ကုသပေးရာတွင်လည်း တစ်ဦးကို သိန်း (၂၀) အထက် ပေးဆောင်ကြရကြောင်း မိုင်းဆက်ဒေသခံများထံမှ သိရပါတယ်။

လူနာများက ဆေးရုံဆင်းရသည့် အချိန်တွင် ငွေကြေးကို တခါထဲ ပေးဆောင်ရပြီး ဆေးဖိုး ငွေဖြတ်ပိုင်း လက်မှတ်တောင်းရာတွင်လည်း မရရှိကြောင်း သိရပါတယ်။ ထို့အပြင် ဒေသခံတချို့က ကိုဗစ်ကြောင့် သေဆုံးသွားပြီး ဆေးရုံ၌ ဆေးကုသစရိတ်အတွက် အကြွေးတင်ကျန်နေသူများလည်း ရှိကြောင်း သိရသည်။

ထိုသို့ ငွေကြေး အဆမတန်တောင်းခံမှုကြောင့် ကိုဗစ် ကူးစက်ခံရသည့် ဒေသခံ တချို့က ဆေးရုံတွင် ဆေးသွားမကုဘဲ နေအိမ်တွင် ကြိတ်ကုနေလျက်ရှိကြောင်း သိရပါတယ်။

မိုင်းဆတ်မြို့တွင် လက်ရှိ အချိန်ထိ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ ကျဆင်းလာခြင်း မရှိသေးဘဲ ဆက်လက် တွေ့ရှိနေရကြောင်း သိရပါတယ်။

မိုင်းဆတ်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့ထိ ကိုဗစ် ပိုးတွေ့လူနာ (၁၆၀)ကျော် ကျန်ရှိနေသေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page