အညာချက် လက်ရာ စစ်စစ်နဲ့ အမရပူရက မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်

မန္တလေးသားတွေက မြို့ဟောင်းလို့ ခေါ်ကြတဲ့ အမရပူရမြို့ရဲ့ ပထမဆုံး မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်ကို ၅-၁၂-၂၀၂၁ ရက်နေ့ထဲက စတင် ဖွင့်လှစ်ထားပါပြီ။

ဆိုင်နာမည်လေးကိုက “စာနာတတ်သော ကမ်းလက်များ” လို့ ကဗျာဆန်ဆန် ပေးထားပါတယ်။ နံနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီအထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မနက်ဖြန်အတွက် ကြက်သားဟင်း၊ ပဲစိမ်းနှပ်၊ ငံပြာရည်ဖျော်နှင့် တို့စရာ၊ ချဉ်ရည်ဟင်း တို့ကို စီစဉ်ထားပါတယ်။ လာရောက် သုံးဆောင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

လိပ်စာကတော့ မြစ်ငယ်ကြက်ခြေနီရုံး၊ စက်ကွေ့ရပ်၊ မြစ်ငယ်၊ အမရပူရမြို့ မန္တလေးမှာလို့ သိရပါတယ်။ အညာချက် စစ်စစ်လေးရဲ့ အရသာကို ခံစားစေရမယ့် အဝစား မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ဆိုင်လေး ဖြစ်ပါတယ်။

လှူဒါန်းကျသူတွေနဲ့ ဝေယျာဝစ္စဒါန ပြုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေလို့ ဆုတောင်း ပးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page