ဗြိတိန်ဘုရင်မကြီး နတ်ရွာစံခြင်းနဲ့ အကြားအမြင်ဆရာမကြီး ဘာဘာဗန်ဂါရဲ့ အနာဂတ် ဟောကိန်းများ
ဘုရင်မကြီး နတ်ရွာစံတာကို ကြိုတင်ခန့်မှန်းမှု လုပ်ထားတဲ့သူတွေ တွေ့ရတာနဲ့ဆက်စပ်ပြီး အကြားအမြင် ဆရာမကြီး ဘာဘာဗန်ဂါ ဟောထားတာ ကြည့်ဖြစ်တယ်။ ၂၀၂၂ ထဲ ဟောကိန်းကို ရှာကြည့်တော့ လူတွေ အတုအယောင် ကမ္ဘာ (Virtual World) တစ်ခုဆီရောက်နေပြီး ကြည့်ချိန် (screen time) တွေများနေမယ်ဆိုတာလဲ မှန်တယ်။
သူအဟောတွေ ၉၀% မှန်တယ်ဆို ရှေ့ဆက်လာမယ့် အဆိုးလောကဓံအတွက် ကြံ့ကြံ့ခံနိုင်ဖို့အတော်ကြိုးစားရအူးမှာပါပဲ။ ၂၀၂၂ ကစလို့ ၂၀၂၃ မှာ ကိုဗစ် ထက်ဆိုးတဲ့ ကပ်ရောဂါတစ်ခုဖြစ်လာမယ်။ မြို့ကြီးတွေမှာ ရေပြတ်လပ်မှုပြဿနာဖြစ်လာမယ်၊ ရေကို အကန့်အသတ် နဲ့သုံးရမယ်။
ကမ္ဘာပေါ်ကို ဂြိုလ်သားတွေ ကျူးကျော်လာမယ် အိန္ဒိယဘက်မှာ ပိုးတွေကျတာကြောင့် စိုက်ပျိုးလို့မရနိုင်ဘဲ အစာရေစာပြတ်လပ်ပြီး အငတ်ဘေးနဲ့ကြုံရနိုင်တယ် ငလျှင်တွေ ဆူနာမီတွေ ရေကြီးရေလျံတာတွေဖြစ်မယ် မကောင်းတာတွေချည်း ဟောတာလားဆိုတော့မဟုတ်ဘူး၊ ကောင်းတာတွေလဲ ဟောပါတယ်၊
အသက် ၁၀၀ ကျော်ရှည်တာတွေ ဘာတွေ ရှိလာတာမျိုးတွေလဲ ပါပါတယ်။ တို့ဘုရားဟောတာနဲ့ ပြန်တိုက်ကြည့် အကောင်းလောကဓံ အဆိုးလောကဓံကတော့ တလှည့်စီလာနေမှာပဲ၊ ကောင်းကောင်းဆိုးဆိုး လွတ်အောင်လုပ်ဖို့ ဘုရားကတော့ လမ်းပြခဲ့တာပဲ။ ဘုရားလမ်းကို လမ်းမှန် များများလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ (May Thingyan)
ထင်ရှားတဲ့ အဖြစ်အပျက်တွေကို ကြိုတင်ဟောကိန်း ထုတ်ခဲ့တာကြောင့် လူတွေ သတိထားမိခဲ့တဲ့ ဘူဂေးရီးယားနိုင်ငံသူ ဘာဘာဗန်ဂါ ဟာ မင်းသမီး ဒိုင်ယာနာ သေဆုံးမှု၊ ဆိုဗီယက်ယူနီယံ ပြိုကွဲမှု၊ ချာနိုဘိုင်း ဘေးအန္တရာယ်၊ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားတွေ ၂၀၀၁ခုနှစ်၊ စက်တင်ဘာလ၊ ၁၁ရက်မှာ အမေရိကန်နိုင်ငံကို တိုက်ခိုက်မှု၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်မှာ ဥရောပသမဂ္ဂနဲ့ ဥရောပ အဏုမြူစွမ်းအင် အဖွဲ့အစည်းကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်မှု၊ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်း စတဲ့ ကမ္ဘာကျော် အဖြစ်အပျက်တွေကို ကြိုတင်ဟောကိန်း ထုတ်ခဲ့သူ ဖြစ်ပါတယ်။
ဘာဘာဗန်ဂါဟာ အသက် ၁၂ နှစ် အရွယ်မှာ အမြင်အာရုံ ဆုံးရှုံးသွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဘုရားသခင်က အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ရှားပါး လက်ဆောင်တစ်ခု သူမကို ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်း နှစ်တွေမှာ အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်ခဲ့ပြီး သူမရဲ့ ခန့်မှန်းချက် ၈၅ ရာခိုင်နှုန်းက မှန်ကန်ခဲ့ပါတယ်။
ဘာဘာက သူမ အသက် ၈၅ နှစ် ပြည့်တဲ့ ၁၉၉၆ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူမ မသေဆုံးမီ ကြိုတင် ခန့်မှန်းခဲ့တဲ့ ဟောကိန်းတွေထဲက လတ်တလော မှန်ကန်ခဲ့တဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ (၁) သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကနေ ထွက်ခွာသွားပြီးနောက်မှာ ရောဂါဆန်း တစ်မျိုး ခံစားရလိမ့်မယ်။ (၂) ဥရောပရဲ့ စီးပွားရေး ကျဆင်းလိမ့်မယ်။ (၃) ကမ္ဘာမှာ ကပ်ဘေးဆိုးကြီးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်။ (၄) နေရောင်ခြည်သုံး မိုးပျံရထားတွေ ပေါ်လာလိမ့်မယ်။