မနက်ဖြန် ရန်ကုန် (၁၇) မြို့နယ် နေ့တဝက် မီးပြတ်မည် (နောက်ရက်တွေလည်း ပြတ်နိုင်ပါတယ်)

ယခုရက်ပိုင်းမှာတော့ ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ မကြာခဏ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ရန်ကုန် အီးပီစီက ကြေညာထားတဲ့ အချိန်အတိအကျ ပြတ်တောက်တာ မဟုတ်ဘဲ တချို့နေရာတွေမှာ အချိန်ကြာမြင့်စွာ မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

မနက်ဖြန် (၁၄-၁၂-၂၀၂၁) တွင်လည်း ရန်ကုန် (၁၇) မြို့နယ် နေ့တဝက် ပြတ်တောက်မယ့် အကြောင်းကို ကြေညာလိုက်ပြန်ပါပြီ၊ အောက်မှာ အပြည့်အစုံ ဖော်ပြပေးလိုက်ပါတယ်-

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းကို (၁၄.၁၂.၂၀၂၁) ရက်နေ့၊ ( အင်္ဂါနေ့ ) တွင် ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်အတွင်းလုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

ထို့ကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သင်္ဃန်းကျွန်း၊ အလုံ၊ လမ်းမတော်၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ ဒဂုံ၊ ဗဟန်း၊သန်လျင်၊ ကျောက်တန်း၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောင်းတကာ မြို့နယ်များအတွင်းရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမှာ ဖြစ်ပါတယ်။

အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထားစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မီးသုံးသူ ပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါတယ်။ (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)

အထက်ပါအတိုင်း ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ့် ဧရိယာထဲမှာ နေထိုင်နေတဲ့ ပြည်သူများအနေနဲ့ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အကြောင်း ကိစ္စရပ်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် သတိပေး လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page