အခြေခံ လူတန်းစားတွေ အများဆုံး ရှိတဲ့ လှိုင်သာယာမှာ ပထမဆုံး အဝစား (၅၀၀) ကျပ်တန်ဆိုင် ဖွင့်ပြီ

ရန်ကုန်မြို့ရဲ့ လူဦးရေ အများဆုံး မြို့နယ်တခု ဖြစ်ပြီး အခြေခံလူတန်းစား အများဆုံး ရှိတဲ့ လှိုင်သာယာ မြို့နယ်မှာ မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် အဝစား ဇလုံ ထမင်းဆိုင်ကို ပထမဆုံး ဖွင့်လှစ်လိုက်ပါပြီ။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်က ခွန်အားသစ် လူမှု ကူညီရေးအသင်းကနေ ဒီနေ့မှာ စတင်ပြီး ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ဆိုင်ထိုင်စား စနစ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပြီး အဝစား (၅၀၀) ကျပ် ဖြစ်ပါတယ်။ လူမျိုးဘာသာမရွေး စားသုံးနိုင်တယ်လို့ သိရပါတယ်။

မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ မြန်မာပြည် အနှံ့ ဖွင့်လှစ်လာကြချိန်မှာ အခြေခံ လူတန်းစားတွေ အများအပြား ရှိတဲ့ လှိုင်သာယာမှာ ဖွင့်လှစ်ဖို့ အကြံပြုထားကြတွေ လိုင်းပေါ်မှာ အများအပြား တွေ့ရှိကြပါတယ်။

ယခု ခွန်အားသစ် လူမှုကူညီရေးအသင်းရဲ့ မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ဇလုံထမင်းဆိုင်ကတော့ လှိုင်သာယာမှာ ပထမဆုံး ဖွင့်တဲ့ (၅၀၀) ကျပ်တန် ထမင်းဆိုင်အဖြစ် စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။

လှူဒါန်းကြသူများနဲ့ လုပ်အား ဒါနပေးကြတဲ့ စေတနာရှင် လူငယ်မောင်မယ်များအားလုံး ရေထိပန်းလို အစဉ်အမြဲ လန်းဆန်းနိုင်ကြပြီး မတောင့်မတ မကြောင့်မကြတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page