အင်းစိန်ကုန်းတံတားပေါ်မှာ ရွှေငါးပိဿာ အလုခံရတဲ့ အဖြစ် (ရန်ကုန်မြို့ကြီး လုံးဝ မလုံခြုံတော့ပါ)

မနေ့က ညနေငါးနာရီလောက် အင်းစိန်မှာ ဖူးရဲ့အစ်မ၀မ်းခွဲကားကို ရုပ်ရှင်ဆန်ဆန် ဒါးပြတိုက်မှု ဖြစ်သွားပါတယ်

ညနေငါးနာရီဆိုတာ လုံး၀မမှောင်သေးတဲ့ အချိန်ပါ။ ဖူးအစ်မက သူ့ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့အချိန် အင်းစိန်ကုန်းတံတားပေါ်မှာ သူတို့ကားအရှေ့ကို တက်စ်စီတစ်စီးက ကန့်လန့်ဖြတ်ရပ်ချလိုက်ပြီး ကားကိုတားပါတယ်။

အနောက်မှာလည်း သူတို့လူတွေ ဆိုင်ကယ်၃စီးနဲ့ ညှပ်ထားပါတယ်။ ဖူးအစ်မကားရပ်သွားတော့ လူ ၄ ယောက်က ဒုတ်တွေ ဒါးတွေနဲ့ ဆင်းလာပြီးတော့ ကားမှန်ကိုချ တံခါးကိုဖွင့်ခိုင်းပါတယ်။ ဖူးအစ်မကားပေါ်မှာ ဖူးအစ်မအမျိုးသားရယ်၊ သားလေးရယ် စုစုပေါင်း၃ယောက်နဲ့ ရွှေဆိုင်က သိမ်းလာတဲ့ ရွှေထုပ်၂ထုပ်ပါ ပါတယ်။

ဖူးအစ်မတို့က မှန်မဖွင့်ပေး တံခါးမဖွင့်ပေးတော့ ဒုတ်တွေနဲ့ ရိုက်ခွဲပြီး ဆွဲဖွင့်ပြီး ပါလာတဲ့ ပစ္စည်း၂ထုပ်ကို ဆွဲလုပါတော့တယ်။ ဖူးအစ်မက အထုပ်ကို မပေးနိုင်ဘူး ဆိုပြီး ပြန်ဆွဲထားတော့ ဖူးအစ်မရဲ့လက်ကို လုပ်ပါတယ်။

၂လက်မလောက် ကွဲထွက်သွားပြီး ‌ေ-ွးတွေအများကြီးထွက်လာတော့ နာပြီးတော့ လွှတ်ပေးလိုက်ရတာ အကုန်ယူပြီး သူတို့တက်စ်စီကားနဲ့ မောင်းပြေးပါတယ်။

ဖူးအစ်မအမျိုးသားကတော့ ပစ္စည်းတွေ ပါသွားပြီ ဆိုတဲ့အသိနဲ့ အနောက်ကနေ လိုက်မောင်းပြီး အဲ့မောင်းပြေးတဲ့ တက်စ်စီကို လိုက်တိုက်ပါသေးတယ်။ ကားသာစုတ်သွားတယ် သူတို့တွေကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

စုစုပေါင်း ရွှေ ၅ပိဿာ ကာလတန်ဖိုး သိန်း၈၀၀၀ ဖိုးလောက်ပါသွားပါတယ်ရှင့်။ ဖူးအစ်မမိသားစု အခုထိ အရမ်းလန့်နေပြီး ပါသွားတဲ့ဆုံးရှုံးမှုအတွက် ၀မ်းနည်းကြေကွဲနေရပါတယ်။

အဖြစ်အပျက်က အစအဆုံးဖြစ်သွားတာ အရမ်းမြန်ပါတယ်တဲ့။ ၁မိနစ်လောက်ပဲ ကြာမယ်တဲ့။ ‌လမ်းပေါ်က လူတွေကလည်း ဘယ်သူမှ လာမကူညီရဲကြပါဘူးတဲ့။ ဟိုက ဒုတ်တွေ ဒါးတွေနဲ့ မို့လို့ပါတဲ့။

ဟုတ်ကဲ့ ကျွန်မတို့တိုင်းပြည်က မင်းမဲ့ဆန်ဆန် လမ်းလယ်ခေါင်မှာ လုရဲတိုက်ရဲတဲ့အထိ စုတ်ပြတ်သတ် ငတ်ပြတ်နေပါပြီ။

ဒီစာကို ရေးရတာက အားလုံးသတိထားကြပြီး ကားပေါ်မှာ တန်ဖိုးကြီး ပစ္စည်းနဲ့ငွေတွေ ဆောင်သွားတာကို ဂရုစိုက်ကြဖို့ သတိပေးချင်တာပါ။

မြန်မာပြည်သူပြည်သားအပေါင်း ရန်သူမျိုး၅ပါးရန်မှ အမြန်ဆုံးကင်းလွှတ်ငြိမ်းနိုင်ပါစေ

May Myat Noe

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page