ဈေးဦးမပေါက်ဘဲ အိမ်ပြန်ရတော့မယ့် အဘိုးနဲ့ အဘွား (ဒီလို ကာလမျိုးမှာ ဘိုးဘွားတွေကို ကူကြပါ)

စျေးဦး မပေါက်တော့ဘူး ထင်တာ အိမ်ပါပြန်ရပြီ။ ကားနဲ့ ဖြတ်သွားရင်း အဖိုး နဲ့ အဖွားကို တွေ့တော့ ပြန်ကွေ့ အဖိုးနဲ့အဖွား ဘာတွေရောင်းတာလဲ ?

ပြက္ခဒိန်, မေတ္တာသုတ် စာအုပ်,ဘောပင်, တစ်ရှူး,နားကြပ်တံ အစုံပါပဲ သား၊ ရောင်းကောင်းကြရဲ့လား ?

စျေးဦးတောင် မပေါက်သေးပါဘူး သားရယ်(ညနေ စောင်းနေပြီ)၊ ဒါဆို ပြက္ခဒိန် ,မေတ္တာသုတ်စာအုပ်,ဘောပင်,နားကြပ်တံ, တစ်ရှူး အဲ့ပစ္စည်းတွေ သား အကုန်ယူမယ်။ (အားလုံးတွက်ကြည့်တာ 28,000 Ks ကျတယ်)

အဖိုးနဲ့ အဖွား ရော့ 50,000 Ks ၊ အဖိုးမှ ပိုက်ဆံရေပြီးတော့ ပိုနေတယ်နော်၊ ပိုရင် ယူလိုက်ပါ အဖိုးနဲ့ အဖွား လိုအပ်တာလေး ဝယ်ကြနော်။

ကျေးဇူးတင်လိုက်တာ စျေးဦးမပေါက်တော့ဘူး ထင်တာ ခု အိမ်တခါတည်း ပြန်ရပြီ။ အဖိုးက (၇၅)နှစ်…. အဖွားက (၆၇)နှစ် အိမ်ငှါးနေတယ်တဲ့။ အဖိုး နဲ့ အဖွား အခင်းလေးတွေ သိမ်းပြီး အိမ်ပြန်ခရီး ပျော်ရွှင်နေကြတယ်။

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ (09-5408437)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page