ခေါင်းသုံးပါဆို ကျွမ်းတွေပဲ လှိမ့်ထိုးနေတဲ့ ကိုလှရွှေတို့နဲ့ လယ်သမား သားအဖ ထည့်တဲ့ ဂျင်း
လယ်သမားအိုကြီးက ထောင်ထဲက သူ့သားဆီ စာရေးသတဲ့။
“သားရေ ဒီနှစ်တော့ အာလူးမစိုက်ဖြစ်ဘူး.. လယ်ထဲမှာ အဖေတစ်ယောက်ထဲ မြေမတူးနိူင်ဘူးသားရယ်၊ အဖေသိတယ်၊ မင်းသာရှိရင် အဖေ့ကိုကူမှာပဲ”
သားက စာပြန်ရေးတယ်။ “လယ်မြေတွေကိုတူးဘို့ စဉ်းတောင် မစဉ်းစားပါနဲ့အဖေ၊ သားခိုးထားတဲ့ငွေတွေက အဲ့ဒီမှာ မြုပ်ထားတာပါ”
ရဲတွေဟာ စာဖတ်ပြီးနောက်တနေ့ လယ်ကွင်းတခုလုံးတူးပြီး ပိုက်ဆံရှာကြတာပေါ့။ ဒါပေမယ့် ဘာမှ မတွေ့ကြဘူး။
နောက်တနေ့မှာ သားက စာတစ်စောင်ထပ်ရေးပြန်တယ်။ “အခု အဖေ့ အာလူးကို စိုက်လို့ရပါပြီ။ ဒီနေရာကနေ သားတတ်နိူင်သမျှ အကောင်းဆုံးလုပ်ပေးလိုက်တာပါပဲ”