ပြည်သူချစ်တဲ့ ကာချုပ်တယောက်ရဲ့ ဂုဏ်သိက္ခာရှိတဲ့ နောက်ဆုံးခရီး (ပြည်သူနဲ့အတူဆို ဒီလိုဖြစ်ပါမယ်)

အိန္ဒိယကာချုပ်ရဲ့ ဈာပနအခမ်းအနား။

စစ်သည် ရာနဲ့ချီ ပါဝင်ဆင်နွှဲကာ လမ်းဘေးဝဲယာမှ ပြည်သူများက တက်ရောက်ပြီးနှုတ်ဆက်ခဲ့ကြပါသတဲ့။ ပြည်သူချစ်တဲ့ စစ်သားမို့ နောက်ဆုံးခရီးက မျက်နှာ မငယ်ရှာပါဘူး။ (Francis Zin)

အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက် စီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ကူနိုမြို့အနီးမှာ ပျက်ကျသွားခဲ့တယ်လို့ ဖော်ပြအပြီး အဲ့ဒီ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာသူ ၁၄ ဦးအနက် ကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက် အပါအဝင် ၁၃ ဦးက သေဆုံးခဲ့တာပါ။

ကာကွယ်ရေးဦးစီးချုပ် ဘီပင်ရာဝက်ဟာ လေယာဉ်ပျက်ကျခဲ့တဲ့အချိန်မှာ အသက်ရှင်နေသေးပြီး ဆေးရုံပို့ဆောင်စဉ်မှာ သေဆုံး သွားခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ရုရှားနိုင်ငံထုတ် ရဟတ်ယာဉ်ကို စီးနင်းခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက်ဟာ တမီလ်နာဒူး ပြည်နယ်မှာရှိတဲ့ ကာကွယ်ရေးဝန်ထမ်း ကောလိပ်ကျောင်းတခုကို သွားရင်း လမ်းခုလပ်မှာ ရဟတ်ယာဉ် ပျက်ကျခဲ့တာပါ။

အိန္ဒိယကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက်ဟာ အိန္ဒိယစစ်တပ်တစ်ခုလုံးကို တိုးတက်အောင်ပြုလုပ်ပေးနိုင်တဲ့ ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးအဖြစ် ကျော်ကြားသူဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် သူ့ရဲ့ အမျိုးသမီးဖြစ်သူလည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page