အကြွေး ၂ သိန်းတင်နေတဲ့ အဘွားမိသားစုကို အကြွေးရှင်တွေ လက်ထဲကနေ ကယ်တင်လိုက်တဲ့ ကိုပူတူး

ခုချက်ချင်း အကြွေး သွားဆပ်မယ်…မဟုတ်ရင် အမကြီး သေလိမ့်မယ်

ညီမ (၄)ယောက်ရှိတဲ့ အပျိုကြီး အဖွားအိုများ အငယ်ဆုံးလေးက သေသွားရှာပြီ…ကျန်ခဲ့တဲ့ ညီမ(၃)ယောက်က အသီးလေးတွေ ရောင်းပြီ ရှာစားကြတယ်…..

အဖွား တယောက် အသီး ရောင်းမကောင်းဘူးထင်တယ်…ငုတ်တုပ်လေး မှိုင်နေပါတယ် အဖွားရေ…အသီး ဘယ်လိုရောင်းတုန်း ဗျ?? ကျွဲကောသီး – ၁၇၀၀ ဖရဲသီး – ၆၀၀၀ သင်္ဘောသီး – ၂၅၀၀ နာနတ်သီး – ၁၃၀၀….သားလေးရေ

ဟုတ် အဖွား ကျွဲကောသီး နဲ့ နာနတ်သီး အကုန် ယူမယ် အဖွားတို့ရေ အဖွား ငယ်လေးမှ…ဝမ်းသာလိုက်တာ… ဟိုတယောက်ဆီ သားတို့ဝယ်လို့ရတဲ့ဟာလေး အရင် သွားဆပ်မယ်ဆိုပြီ…အဖွား အကြီးဆုံးကို ပြောနေရှာတယ်

အဖွား ဘာတွေ သွားဆပ်မလို့တုန်း…ဘယ်လောက်မလို့လဲ သားရေ…အဖွားတို့က အကြွေး(၂)သိန်းကျော်လောက် ရှိတယ်… ဒီနေ့ကို အကြွေးပေးစားတဲ့ အမျိုးသမီးက ဒီနေ့ တဝက်လာမပေးရင် လိုက်လာမယ်တဲ့

အဖွားတို့ သူ့ကို အရမ်းကြောက်တယ်…သူက အားမနာတမ်း ပြောဆိုဆက်ဆံတာ အဖွား မမကြီးကို စိတ်ပူတာ…သူ နှလုံးရောဂါ ရှိတယ်…သူ ရှက်ပြီ သေမှာ ခု သားတို့ ဝယ်သွားတဲ့ ၂၁၀၀၀ အရင် သွားပေးပြီ တောင်းပန်ထားမလို့ပါ

ဪ…ဟုတ်…ဒါဆို ဒီနေ့ (၁)သိန်း ဆပ်ရမှာပေါ့ ဟုတ်တယ် သားရယ်…အဖွားတို့မှာလဲ မရှိဘူး…ခုမှ များများစားစားရောင်းရတာ ရတာလေး အရင်ပေးထားမှ

ဟုတ် အဖွား…ရော့ 100,000 Ks… အဖွားတို့ ယူလိုက်ပါ ဟာ…သား တကယ်ပေးတာလား ? တကယ်ပေးတာပေါ့ အဖွားရဲ့…. ခု ချက်ချင်း ဟိုတယောက်ကို သွားပေးမယ်…မဟုတ်လို့ သူလာရင် မမကြီး သေလိမ့်မယ်

ကျေးဇူးတင်လိုက်တာ သားရယ်… အဖွားတို့ ဘယ်လိုပျော်မှန်း မသိဘူး ဟုတ် အဖွား…ဂရုစိုက်ကြပါနော်…သား ပြန်တော့မယ်နော်

အေးပါ သားရယ်…ဘယ်က ဘယ်လို ပေါ်လာတာလဲ…ဝမ်းသာတယ် ဝမ်းသာတယ် အဖွားတို့ (၃)ယောက်….သာကေတ ဇိနမာရ်အောင်ဘုရား နောက်မှာ ရောင်းပါတယ်နော်…သွား အားပေးလိုက်ကြပါအုံး

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးအားလုံးကို အဖွားတို့ ကိုယ်စား ကျေးဇူးတင်ပါတယ် ဗျ

ဪ …ခုချိန် လူငယ်တွေတောင် ခက်ခဲနေကြတာ…သက်ကြီးရွယ်အို အဖိုးအဖွားများအား သနားငဲ့ညာပေးကြပါ

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published.

x

You cannot copy content of this page