ဗိုလ်ချုပ်ရုပ်ရှင်တွင် ဒေါ်ခင်ကြည်နေရာမှ ပါဝင်တဲ့ မဇာခြည်လင်း ကင်ဆာရောဂါဖြင့် ကွယ်လွန်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ဗိုလ်ချုပ်ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နေရာက ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်မဇာခြည်လင်းဟာ ယနေ့ ဒီဇင်ဘာ ၁၀ရက် ညနေ ၃နာရီဝန်းကျင်မှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုဝင်တွက ပြောပါတယ်။

မဇာခြည်လင်းဟာ မူလတန်းကျောင်းအုပ်ဆရာမတစ်ယောက်ဖြစ်ပြီး အာဏာသိမ်းပြီးကတည်း ကအာဏာဖီဆန်ရေးလှုပ်ရှားမှု စီဒီအမ် မှာပါဝင်ခဲ့ပြီး သူ့ရဲ့ ကင်ဆာရောဂါဝေဒနာကို ဆေးကုသမှုခံယူနေရသူတစ်ဦးဖြစ်တယ်လို့မိသားစုဝင်တွေကပြောပါတယ်။

ရန်ကုန်မှာဆေးကုသမှုခံယူနေရင်းကနေ နေထိုင်ရာဇာတိဖြစ်တဲ့ ပုသိမ်မြို့ကိုပြန်ပြီး ၁၀ရက်ဝန်းကျင်လောက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာ အသက် ၃၇ နှစ်ရှိပြီလို့သိရပါတယ်။

သူပါဝင်ရိုက်ကူးခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး ရိုက်ကူးမှုပြီးစီးသွားပြီး အသံပိုင်းဆိုင်ရာဆက်လုပ်ဆောင်ဖို့ရှိတယ်ဆိုတဲ့အခြေအနေလောက်ပဲ သိရတယ်လို့မိသားစုဝင်တွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page