အပူကြောင့် ဖြစ်နေတဲ့ ရောဂါတွေ မှန်သမျှကို ချက်ချင်းသက်သာစေတဲ့ နည်းလမ်း (လက်တွေ့ အာမခံပါ)

အပူတွေ အထက်တက်နေလား လွယ်လွယ်လေးပါ တကယ် လုပ်ကြည့်စေချင်ပါတယ်။

ပျောက်စေချင်လွန်းလို့ ပြန်တင်ပေးပါတယ်နော်။ အနည်းဆုံး သုံးရက် စမ်းဖြစ်အောင် စမ်းကြည့်ပါအုံး။ အပူထုတ်ပြီးရင်တော့ ရေမချိုးရတော့ဘူးနော်။ သတိထားအုံး။ အပူတွေ အထက်တက်နေလား လွယ်လွယ်လေးပါ။

အပူတွေအောင်းလို့ ဖနောင့် နာနေတဲ့အခါ၊ ရိုးရိုးအပူအောင်းလို့ ခါးနာနေတဲ့အခါ၊ ခြေထောက်ရေစိုလို့ အပူတွေ အပေါ်တက်ပြီး ခေါင်းကိုက်နေတဲ့အခါ၊ အပူတွေ အပေါ်တက်ပြီး သွားနာနေတဲ့အခါ၊ အပူအပုတ်အစပ်တွေများပြီး နေရထိုင်ရတာ မအီမသာဖြစ်နေတဲ့အခါ၊ ခြေဖဝါးတွေ ကွဲနေတဲ့အခါ ဆရာလေး တွေ့ရှိထားတဲ့ နည်းအသစ်လေးကို အသုံးချပြီး သက်သာ ပျောက်ကင်းစေရန် တင်ပေးလိုက်ပါတယ်နော်။

ပြောရရင် ဆရာလေးက တော်တော်လေးကို လျှာရှည်တယ်။ စမ်းသပ် လေ့လာချင်တဲ့ စိတ်တွေရှိပါတယ်။ ဆရာလေးမယ်က အသက်သာ ၅၀ ကျော်လာလိုက်တာ ဖျားနာတာ သိပ်မရှိသလောက်ပါဘဲ။ ငယ်ထဲက ဒီနေ့ထိ မျက်စေ့ ကျိမ်းတယ်ဆိုတာ ဘာမှန်းမသိဘူး မျက်ကျိမ်းရေတို့ထားတဲ့ လက်ကိုင်ပဝါနဲ့ တို့တာတောင် မကူးပါဘူး။

တစ်ခါမှကို မျက်စေ့တောင် မကျိမ်းဘူးတာ။ အေးဒါပေမဲ့ အသက်ကြီးလာတော့ ဝလာရော ခြေထောက်က အပေါ်ဝိတ်ကို မခံနိုင်တာရော၊ ခြေဆီမထွက်တာရောကြောင့် ခြေဖနောင့်တွေ အထိုင်အထကျ နာနေပါလေရော ဒါပေမဲ့ လူပြောသူပြောနဲ့ ခြေဖဝါးနှစ်ဖက်ကို ဆားနဲ့နာရီဝက်လောက် ပွတ်ပြီး ခါးဝတ်နဲ့ လေလုံအောင်ပတ်ပြီး ခြေဖဝါး ချွေးထုတ်ပေးတဲ့အခါ ဖနောင့်နာတာ သက်သာလာပါတယ်။

အဲ့ဒီမှာ ဆရာလေး တစ်ခု သတိထားမိတာက ခြေဖဝါး ချွေးများများထွက်ဖို့ အရေးကြီးပါတယ်။ ခါးဝတ်နဲ့ပတ်ပြီး တစ်နာရီလောက် ချွေးထုတ်ထိုင်ပေမဲ့ ချွေးကလိုသလောက် မထွက်ပါဘူး။

အဓိကလေလုံဖို့ပါဘဲ လေလုံရင် ချွေးများများထွက်နိုင်မယ်ဆိုတော့ ဆရာလေးက ကြွတ်ကြွတ်အိတ်တွေနဲ့ ခြေထောက်နှစ်ဖက်လုံးကို လုံအောင်ထုတ်ပြီး တစ်နာရီလောက် တင်ပျင်ခွေပြီး ထိုင်ပြီးထလိုက်တဲ့အခါ ချွေတွေရွှဲနစ်ပြီး ဖနောင့်နာတာတွေ ပျောက်ကုန်ပါတယ်။

သွားနာတဲ့ ဘုန်းဘုန်းကို အဲ့လိုနည်းစနစ်နဲ့ လုပ်လိုက်တာ ကောင်းသွားပါတယ်။ ခါးနာတဲ့ ဆရာလေးလဲ ကောင်းကုန်ပါတော့တယ်။ ကျန်တဲ့အပူတွေ အပေါ်တက်နေတာတွေလဲ ကောင်းမယ်လို့ ဆရာလေး ထင်ပါတယ်။

ငါးခါလောက် လုပ်ပြီးတဲ့အခါတော့ ခြေဖနောင့်ကွဲတာတွေ ပျောက်ပြီး ချောမွတ်လာပါတယ်။ ဒါကြောင့် နည်းစနစ်အသစ် ခြေဖဝါး ဆားပွတ် ကြွတ်ကြွတ်အိတ် ထုတ်တဲ့နည်း စနစ်လေးကို တင်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page