လုံခြုံရေးမပါရင် အပြင်မထွက်ရဲတဲ့ ဘဲဥတွေနဲ့ ကန်ဘောင်ရှေ့က သရုပ်ဆောင်ကောင်းတဲ့ လုပ်စားအဖွဲ့
ပြည်လမ်း အင်းယားကန်ဘောင်ရှေ့ တံတားဖြူမှတ်တိုင်အနီးတွင် အောက်ဖော်ပြပါ ဓာတ်ပုံပါလူများ လုပ်စားနေတာပါ
ပလက်ဖောင်း ရှိရဲ့နဲ့ အပေါ်တက် မလျှောက်ပဲ ကားလမ်းပေါ်ဆင်းလျှောက်ပြီးကို အသားအနာခံပြီး ကားကိုတမင်ဝင်တိုက်တာပါ
ကားရဲ့ ဘက်မှန် ကျိုးတဲ့အထိ သူတို့ကတိုက်ပြီး အခုလိုတွေ လမ်းမပေါ် သရုပ်ဆောင်တော့တာပါပဲ (အိုက်တင်ကတော့ လူကြမ်းမင်းသားတွေထိုင်ငိုလောက်ပါရဲ့)
သူတို့က သရုပ်ဆောင်ကောင်းချက် ဘေးကဖြတ်သွားတဲ့သူတွေကတောင် သနားပြီး ဆေးရုံပို့ပေးပါလို့ ပြောယူကျပါတယ်
ဆေးခန်းလာပြတာပါ ဗိုက်ခွဲထားပါတယ်ဆိုပြီး ဆေးစာရွက်တွေလည်းထုတ်ပြပြီး Drama စခင်းပါတယ်။ ဘယ်မော်တော်ပီကယ်မှ ခေါ်မရပါဘူး မြို့နယ်တစ်ခုပြီးတစ်ခု ပုတ်လွှတ်ပါတယ် နောက်ဆုံးက အစောင့်အရှောက်မပါပဲ နယ်မြေမဆင်းနိုင်ပါဘူးတဲ့
လျော်ကြေးနည်းနည်းပါးပါးပေးပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းလိုက်ပါတဲ့ ကိုယ်တွေအလုပ်ကိစ္စလည်းရှိနေတာမိို့ မြန်မြန်ပြတ်ချင်တာမို့လျော်ဖို့ စပြောတာ ၂ သိန်းပါတဲ့
နောက်ဆုံး ၇သောင်းနဲ့ စျေးပေးခဲ့ရတာပါ လမ်းမှန် မောင်းရဲ့သားနဲ့ ကိုယ်ကမမှားပဲ ဘာမှလျော်စရာမဟုတ်ပဲ လျော်ခဲ့ရတာပါ
Khaing Zarchi Win