ကားတိုက်မိဟန်ဆောင်ပြီး မိုက်ကြေးခွဲ ခြိမ်းခြောက် ငွေညှစ်နေတဲ့ အဖွဲ့ (အိမ်စီးကားတွေ ဂရုစိုက်ကြပါ)
ဖေါ်ပြပါသူများသည် အခြားဓါတ်ပုံမပါသူများနှင့် အဖွဲ့တစ်ခုဖွဲ့ပြီး (ခန့်မှန်း 5 ဦးမှ 7 ဦး) ၁၅-၁၂-၂၀၂၁ ရက်နေ့ ည 6:34 ခန့်တွင် လသာမြို့နယ် ကမ်းနားလမ်းမပေါ် (19×20) လမ်းကြား၌
လမ်းသွားလမ်းလာ လူသူများ နည်းပါးပြီး လမ်းမီးအလင်း ရောင်မပြည့်ဝမှုကို အခွင့်ကောင်းယူပြီး ကမ်းနားလမ်းမ၌ သွားလာနေသောကားများမှ ၎င်းအဖွဲ့တစ်ဦးအား တိုက်မိပါသည်ဟု အသွင်ယူပြီး လိမ်လည်ကာ အဖွဲ့လိုက် ပိတ်ဆို့ပြဿနာရှာ မိုက်ကြေးခွဲ၍ ငွေညစ် မတရားအနိုင်ကျင့် ငွေရှာနေသူများ ဖြစ်ပါသည်။
သို့ပါ၍ မိဘပြည်သူများအနေဖြင့် ၎င်းတို့အဖွဲ့အား တွေ့သောအခါ သတိပြုရှောင်ရှားနိုင်ရန်နှင့် ကံအကြောင်း မလှ၍ ထိပ်တိုက် ထိတွေ့မှုရှိခဲ့လျှင် စိတ်တည်ငြိမ်စွာထားပြီး ဖြေရှင်နိုင်ရန် အသိပေးအပ်ပါသည်။
ယခင်က ရန်ကုန်လမ်းများပေါ်တွင် ညနေပိုင်းမှသာ ယခုကဲ့သို့ အုပ်စုဖွဲ့ ဟန်ဆောင် ငွေညှစ်မှုများ ရှိသော်လည်း ယခုအချိန်တွင် ညမထွက်ရ အမိန့်များကြောင့် နေ့လည်ပိုင်းမှာပင် ဝိုင်းဝန်း ငွေညှစ်နေကြောင်း သိရှိရပါတယ်။