ယခုတလော ခေတ်စားလာတဲ့ အွန်လိုင်းကနေ ဆွမ်းကပ်ပေးတဲ့ ပေ့တခုရဲ့ ဂျင်းထည့်နည်းများ

အကောင့်ထဲက မိတ်ဆွေတွေလဲ အတော် လုပ်တာတွေ့လို့ ဘယ်လိုမှ စိတ်မကောင်းလို့။ တန်ခိုးကြီးဘုရားတွေမှာ ကိုယ့်နံမည်နဲ့ဆွမ်းကပ်တာလေ အွန်လိုင်းပေ့ လေ။

တစ်ခါ ပုဂံရောက်နေတုန်း နာမည်ကြီး ပေ့ပဲ ကပ်ချင်လို့ လှမ်းမေးတော့ အကုန်လက်ခံတယ်။ Confirm ပြီးပြီပေါ့နော်။ ပြီးမှ လူကိုယ်တိုင် ပုဂံရောက်နေလို့ ကပ်တဲ့အချိန်လာခဲ့ချင်ပါတယ်လို့ ပြောတော့ ချက်ခြင်း အဆင်မပြေတော့ဘူးလို့ ပြောပါတယ်။ ပွဲတွေများသွားလို့တဲ့။

ကိုယ်က အချိန် အလျင်လို ဖြစ်နေတော့ တစ်ခုချင်း ထမင်းတွေ၊ ပန်းကန်တွေ ၊ ပန်းတွေ လိုက်မဝယ်ချင်လို့ အဆင်သင့်ကပ်ချင်လို့ မေးလိုက်တာ ကို အဲ့ဒီမှာ ရှိမနေတဲ့သူထင်တာ။ ထားပါတော့လေဆိုပြီး ဘုရားရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ ဘုရားဆွမ်းကပ်တဲ့အဖွဲ့နဲ့ တိုးပါတယ်။

သူတို့က ပွဲက တစ်ပွဲပဲပါလာပြီး နာမည် ပရင့်ထုတ်ထားတဲ့ စာရွက် တစ်ထပ်ကြီးနဲ့ နေရာ ရွှေ့ရွှေ့ပြီး ဓာတ်ပုံရိုက်နေတာပါ။ တချို့ ပုံဆို နေရာတောင်မရွှေ့ဘူး နာမည်ကပ်ပြားပြောင်းထောင်ပြီး ဟိုဘက်ထောင့်က ရိုက်လိုက် ဒီဘက်ထောင့်က ရိုက်လိုက် ပန်းကန်အနေအထားရွှေ့လိုက်လုပ်နေတာ။ ရိုရိုသေသေ ယဉ်ယဉ်ကျေးကျေး သန့်သန့်ရှင်းရှင်းလဲမဟုတ်ဖူး။ ဆူညံနေရော။

ပြီးရင် အဲ့ပစ္စည်းတွေ ပဲ ပြန်သုံးပြီး ဒီဇိုင်း ပြောင်းပေါ့နော်။ သူများစီးပွါးအားနာလို့ ဘယ် ပေ့ လဲတော့ မမေးပါနဲ့နော်။ အဲ့ဒါ အလှူရှင်တွေကို လှည့်စားနေသလိုမဖြစ်ဖူးလားဟင် ဒါမှ မဟုတ် အားလုံးက တကယ်ပဲ သိရဲ့သားနဲ့ ဓာတ်ပုံလေးကို သောင်းဂဏန်းပေးပြီးလိုချင်တာလားပေါ့လေ…

တစ်ယောက် တစ်ပွဲတကယ်လုပ်ပေးရင်တော့ တစ်မျိုးပေါ့.. အခုကျ ဘုရား ဂေါပကဆီတောင်မရောက်ပဲ အဲ့ဒီ လုပ်ငန်းရှင် ကိုပဲ လှူနေတာဖြစ်မနေဘူးလားဟင် ဘုရားကို လှူတာပဲ စိတ်ပြတ်တယ်ဆိုလဲ ဟိုက အလှူရှင် အတွက် စိတ်ညွှတ်ပြီး ဆုတောင်းပေး တာမျိုး လက်အုပ်ချီတာမျိုးတောင် လုပ်တာမဟုတ်နေတော့.. တမျိုးကြီးပဲ။

အဲ့ဒီဘုရားပဲလှူချင်ရင်လဲ ဘုရားအလှူခံပုံးထဲပဲ နာမည်ကို အသံပါပါအောင်ရွတ်ပြီး ငွေထည့်ပေးနေတာမျိုးကိုယ့်ဆီပို့ ကိုယ်က mobile banking နဲ့ငွေလွှဲတာ ကမှ အလှူမြောက်ဦးမယ်ထင်တာပဲ… ကိုပဲ နားမလည်တာဆိုရင်လဲတောင်းပန်ပါတယ် အကြာကြီး အောင့်ထားပြီးမှ မနေနိုင်လွန်းလို့ရေးလိုက်တာ။ မှတ်ချက် – အမှန်အကန်လုပ်ပေးတဲ့သူတွေလဲရှိမှာပါ၊ သေချာစုံစမ်းဖို့ပါပဲ။

မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page