(၄၇) ဘွဲ့ရ စစ်ကိုင်းဆရာတော်ကြီး ချဉ်ဆီအစားထိုးဖို့ လိုငွေ သိန်းရှစ်ထောင် (၄) ရက်အတွင်း ပြည့်ပါပြီ
ဆေးကုသစရိတ် အလှူငွေက (၃)ရက်အတွင်း သိန်းခုနှစ်ထောင်၊ (၄)ရက်မှာ သိန်းရှစ်ထောင် တိပိဋကသုတဗုဒ္ဓ (၄၇) ဘွဲ့ရ စစ်ကိုင်းဆရာတော် ဘုရားကြီးအတွက် လှူဒါန်းကြပါတယ်။
ငွေရှိရုံနဲ့လည်းမပြီးသေး စွမ်းစွမ်းတမံပျောက်ကင်းအောင်ကုသဖို့ သစ္စာပြုပေးတော်မူကြပါအုံးဘုရား။ ညီတော်ရဲ့ချဉ်ဆီကို အစားထိုးဖို့ရာ အဆင်မပြေလို့ ညီမတော်ရဲ့ ချဉ်ဆီနှင့် အစားထိုးရမရ လိုက်သွားရမည်ဟုလည်းသိရပါတယ်။
အစားထိုးပေးလှူမည့်သူကလည်း အသက်ကိုမငဲ့ပဲ လှူဒါန်းနိုင်မည့်သူ ဖြစ်ရပါမည်တဲ့။ တနိုင်ငံလုံးသံဃာအားနဲ့ သစ္စာပြုမေတ္တာတော်များ ပို့လွှတ်ပေးတော်မူကြပါအုံးဘုရား။
သစ္စာတရားသာ အားကိုးရာ ရှိပါတော့တယ်။ သစ္စာပြု မေတ္တာပို့ပေးကြပါ။ တိပိဋကဓရဘွဲ့ဆိုတာ တကယ်တော်လို့ရတာပါ။ တော်ရုံကံဉာဏ် မရနိုင်ပါဘူး။
ရှားပါးတဲ့ဆရာတော်ဘုရား ကျန်းမာရေးအတွက် သစ္စာပြုတောင်းဆု ချွေကြရအောင်။ ဆရာတော်ဘုရားကျန်းမာပါစေ…
တခေတ်မှာ တယောက်သာ ပေါ်ထွန်းတဲ့ ဆရာတော်ဘုရားကြီး ကျန်းမာရေးအသုံးစရိတ်အတွက် လှူဒါန်းကြတဲ့ ရဟန်းသံဃာတော်များ၊ လူပုဂ္ဂိုလ်များ အားလုံး လိုတိုင်းတ ရနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။