သာသနာ့အာဇာနည် စစ်ကိုင်းဆရာတော်အတွက် ချဉ်ဆီအစားထိုး ကုသမှု သိန်း ၈၀၀၀ ခန့်ကုန်ကျမည်

ထိုင်းနိုင်ငံတွင် ဆေးကုသနေသည့် ဒွါဒသမ တိပိဋကဓရစစ်ကိုင်းဆရာတော်၏ ဆေးကုသမှုမှာ ချဥ်ဆီအစားထိုး ကုသမည်ဖြစ်ပြီး အခြားအထွေထွေစရိတ်မပါ သိန်း ၈၀၀၀ခန့် ကုန်ကျမည်ဖြစ်ကြောင်း နာယကဆရာတော်များက မိန့်ကြားတော်မူပါတယ်။

ဒီဇင်ဘာ၁၂ရက်နေ့ ၊ နေ့လည်၁း၀၀နာရီအချိန်တွင် စစ်ကိုင်းမြို့ မဟာသုဗေါဓါရုံ ကျောင်းတိုက်သာသနာ့ဗိမာန်ကြီး၌ ဒွါဒသမတိပိဋကဓရ စစ်ကိုင်းဆရာတော် ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေခြင်းနှင့် စပ်လျဥ်း၍ ဆရာဒကာ အရေးပေါ်အစည်းဝေး ကျင်းပခဲ့ကြကြောင်း သိရပါတယ်။

ဘဒ္ဒန္တအဘိဇာတာဘိဝံသသည် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော်ဦးတင်ရနှင့် မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀-ပြည့်နှစ် သီတင်းကျွတ်လဆန်း (၈)ရက်၊ (၂၉-၉-၁၉၆၈)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့ခြင်းဖြစ်ခဲ့သော သားရတနာ ဖြစ်ပါတယ်။

မွေးချင်း (၇)ဦး အနက် တတိယသားရတနာ ဖြစ်ပါတယ်။ ဆရာတော် သည် (၂၉၊ ၁ဝ၊ ၁၉၇၉)ရက်တွင် မိဘနှစ်ပါး၏ ပစ္စယာ နုဂ္ဂဟဖြင့် ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာကျောင်း ဆရာတော်က ဦးပဇ္ဈာယ်ပြု၍ ရှင်သမဏေ အဖြစ်သို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်သည် ဓမ္မာစရိယ (၁၀)ဘွဲ့၊ ပါဠိပါရဂူ (၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၅)ဘွဲ့နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၇)ဘွဲ့ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page