လိုင်စင်ရ ငွေချေးလုပ်ငန်းဆိုပြီး လိုင်းပေါ်ကနေ ဂျင်းထည့်နေတဲ့ အချောင်သမား လူလိမ်များ အကြောင်း

နိုင်ငံအတွင်းတွင် ချေးငွေလုပ်ငန်းအမည်ခံကာ အွန်လိုင်းမှ ငွေကြေးလိမ်လည်မှု များစွာရှိနေကြောင်း သိရပါတယ်။

လိမ်တဲ့သူတွေက ဖေ့ဘုတ်မှာ ပေ့တွေ ဖွင့်ပြီး တကယ့်အမှန်လို ပုံစံနဲ့ တင်ထားကြောင်း၊ ပုံတွေကိုလည်း ဖိုတိုရှော့နဲ့ လုပ်ထားကြောင်း၊ ယခုလို ကာလမျိုးမှာ ချေးငွေလိုချင်တဲ့သူတွေကို ပစ်မှတ်ထားကြောင်း၊ မိမိကိုယ်တိုင် နှစ်သိန်း အလိမ်ခံလိုက်ရကြောင်း လိမ်လည်ခံရသူ တဦးက ပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာများတွင် ချေးငွေလုပ်ငန်းဟုဆိုကာ နာမည်အမျိုးမျိုး၊ ကုမ္ပဏီနာမည်အမျိုးမျိုးနှင့် လိမ်လည်နေခြင်းဖြစ်ကြောင်း၊ လိမ်လည်ရာတွင် ချေးငွေရယူလိုသူမှ စာရွက်စာတမ်းကြေး၊ ငွေလွဲ ကြိုတင်ပေးတောင်ရမည်ဟုဆိုကာ လိမ်လည်တောင်းခံခြင်းဖြစ်ကြောင်း သိရပါတယ်။

အွန်လိုင်းတွင် ချေးငွေလုပ်ငန်းဟုဆိုကာ နာမည်အမျိုးမျိုး၊ ကုမ္ပဏီနာမည်အမျိုးမျိုးနှင့် လိမ်လည်နေကြပြီး အများစုမှာ ဗိုက်ဘာ(သို့မဟုတ်) မက်ဆင်ဂျာမှတဆင့် လျောက်လိုသူများက ဓာတ်ပုံ၊ မှတ်ပုံတင်ပုံ၊ သန်းခေါင် စာရင်းပုံများကို ဦးစွာပေးပို့ရကြောင်း၊ စာရွက်စာတမ်းကြေးနှင့် ငွေလွဲခအဖြစ် ကျပ်တစ်သိန်း ချေးပါက ကျပ်ငွေ ၂၀၀၀၊ ကျပ်သိန်း ၁၀၀ ချေးပါက ကျပ်နှစ်သိန်းကြိုတင်ပေးပို့ရကြောင်း စုံစမ်းသိရပါတယ်။

ဦးသိန်းအောင် ငွေချေးလုပ်ငန်းဆိုတဲ့ ပေ့နာမည်နဲ့ လိမ်လည်မှု ပိုများတယ်လို့ သိရပါတယ်။

ချေးငွေလုပ်ငန်းဆိုသူများသည် မည်သူ့ကို မည်မျှချေးလိုက်သည်ဟုဆိုတကာ လူမှုကွန်ယက်စာမျက်နှာတွင် ကြိုတင်ပေးပို့ထားသည့် ဓာတ်ပုံများ၊ သန်းခေါင်စာရင်းများ၏ ပုံများကိုဖော်ပြကာ လူအများ ထင်ယောင်ထင်မှားဖြစ်စေရန် တင်နေကြကြောင်း၊ ၎င်းတို့သည် လုပ်ငန်းလိုင်စင်မပြနိုင်သည့်အပြင် လူကိုယ်တိုင်ဖြင့် အပြင်တွင်တွေ့ဆုံကာ စာရွက်စာတမ်းကြေးသွင်းမည် ပြောပါက လုံးဝလက်မခံကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page