လူမျိုးဘာသာ အဆင့်အတန်းမရွေး လာစားလို့ရတဲ့ မော်လမြိုင်က (၅၀၀) ကျပ်တန်ဇလုံ ထမင်းဆိုင်

မော်လမြိုင်မြို့ တောင်ဝိုင်းရပ်မှာလည်း (၅၀၀) ကျပ်တန် ဇလုံ ထမင်းဆိုင်ကို စတင် ဖွင့်လှစ်လိုက်ပါပြီ။

ဆိုင်လေးရဲ့ ထူးခြားချက်ကတော့ လူမျိုးဘာသာမရွေး လာရောက် သုံးဆောင်နိုင်အောင် စီမံချက်ပြုတ်ထားတာပဲ ဖြစ်ပါတယ်။

နေ့စဉ် မနက် ၁၀ နာရီခွဲ အချိန်ကနေ စတင်ရောင်းချ ပေးနေတာ ဖြစ်ပါတယ်။

ပြည်သူက ပြည်သူကို ကူနေတဲ့ ဒီပွဲမှာ ယခုလို မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ဇလုံ ထမင်းဆိုင်တွေ ပေါ်လာတာ အခြေခံလူတန်းစားတွေအတွက် အလွန် အထောက်အကူ ဖြစ်စေပါတယ်။

လှူဒါန်ပေးတဲ့ အလှူရှင်များရော၊ စီစဉ်ဆောင်ရွက်ပေးကြသူများရော၊ ဝေယျာဝစ္စ ကူညီဆောင်ရွက်ပေးတဲ့သူများရော အားလုံး ကျန်းမာရွှင်လန်းပြီးတော့ လိုအင်ဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page