ကမ္ဘာပေါ်မှာ ဘယ်နေရာမှ မရှိတဲ့ မန္တလေးသားတွေရဲ့ သုံးရာသီ ဖက်ရှင်စတိုင်တခုအကြောင်း
ရေးသားသူ – Myo Han Htun
စတိုင်ဘောင်းဘီဝတ် ရော့ကာစတိုင်ဝတ်ပြီး ညှပ်ဖိနပ်စီးတာ မန်းလေးသားတွေရဲ့ အကျင့်။ နွေနေပူမှာ ဘယ်လောက် အိုက်နေပါစေ .. ဂျာကင်ဝတ်မယ် .. ဆောင်းတွင်း ဘယ်လောက်အေးနေပါစေ .. ဂျာကင်သာဝတ်ထားတာ .. ညှပ်ဖိနပ်နဲ့။
အညာအခေါ် ဘွတ်ခြေနင်းတို့ ဘွတ်ဖိနပ်တို့က .. တခုတည်းသောကာလမှ ရှိုးစမိုးထုတ်ဖို့ ဝတ်ကြတာ။ အဲဒါ သင်္ကြန်။
သူတို့က သင်္ကြန်ကျမှ ဘွတ်ခြေနင်းအကောင်းစားတွေ ကန်ထရီးဘုတွေ ထုတ်စီးကြတယ်။ သင်္ကြန်လည်းပြီးရော ထိုဖိနပ်အကောင်းစားတွေက စုတ်ပြတ် တွန့်ကြေ ခွာတွေလှန်လို့ နောက်ဆုံး .. ၈၂ လမ်းက အဘိုင် ဟာရှင်ဆိုင်တို့ ညောင်ပင် စူပါမားကတ်တို့မှာ သွားရောင်းရင် မဝယ်လို့ .. ဈေးထဲက ဖိနပ်ပြင်တဲ့ဆိုင်မှာ ရတဲ့ ဈေးနဲ့ရောင်းပေးပါဆိုပြီး တင်ကြတဲ့အဖြစ်။
အခု ၂ နှစ်ကျော်ပြီ .. သင်္ကြန်လည်း မဖြစ်တော့ .. ဖိနပ်တွေမပျက်စီးတော့လို့ .. အသစ်အတိုင်းနေရော့မယ်။
ဒါနဲ့ ပရိုမိုပွဲက မိုက်ကိုင်တဲ့ လေလုံးတွေက နွေရာသီမှာ ဂျာကင် နဲ့ လိပ်လည်ပင်း အင်္ကျီ ဝတ်တာ အတော် ချမ်းနေကြလို့လား
ကျုပ်ပြောတာ မယုံရင် မန်းလေးသားတွေ သူတို့ကိုယ်သူတို့ မိုက်တယ် ထင်ပြီး တင်ထားကြတဲ့ ပုံတွေ လိုက်ကြည့်ကြည့် .. အပေါ်က ဘာတွေ ဝတ်ထားဝတ်ထား .. အောက်က ညှပ်ဖိနပ်နဲ့။
Myo Han Htun