အရှက်နဲ့ သိက္ခာဆိုတဲ့ တရားတွေကို မသိကြသူများ (အရှက်ဗလာ၊ သိက္ခာနတ္ထိ)
အရှက် နဲ့ သိက္ခာ ဆိုတာမျိုးဟာလေ
အသက်အရွယ်နဲ့လည်းမဆိုင်ဘူး၊ ‘ကျား’ ဖြစ်ခြင်း ‘မ’ ဖြစ်ခြင်းနဲ့လည်းမဆိုင်ဘူး၊ ဝတ်ထားတဲ့ယူနီဖောင်းနဲ့လည်းမဆိုင်ဘူး။
ကိုးကွယ်ယုံကြည်မှုနဲ့လည်းမဆိုင်ဘူး၊ သင်ယူထားတဲ့ အတန်းပညာနဲ့လည်း မဆိုင်ဘူး၊ အသက်မွေးဝမ်းကြောင်းနဲ့လည်းမဆိုင်ဘူး၊ ဆင်းပြင်သွင်လျာနဲ့လည်း မဆိုင်ဘူး။
အရှင်းဆုံးပြောရရင် ကနေ့ ဗမာပြည်မှာ တပြည်လုံးသောက ပင်လယ်ဝေနေချိန်၊ မျက်ခွက်ပြောင်ပြောင်နဲ့စောင်ကမြင်းကြောထနိုင်ရင် “အရှက်ဗလာ – သိက္ခာနတ္ထိ” လို့သာမှတ်။
စက်ဆုပ်စွာဖြင့်
ကိုထင် (ခ) လင်းမြတ်