သင်္ကြန်မှာ မပါမဖြစ် မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေးတို့ကို လွယ်ကူရိုးရှင်းစွာ ပြုလုပ်နည်း

သင်္ကြန်မုန့်တွေထဲမှာ မပါမဖြစ် မုန့်လုံးရေပေါ်ပါ။ မုန့်လုံးရေပေါ်ကို မြန်မာတွေ သင်္ကြန်တွင်း လူအများကြီးနဲ့ ပျော်ပျော်ပါးပါး လုံးကြရင်း အိမ်နီးနားချင်းတွေ၊ လမ်းက ရေကစားသူတွေကို အမြဲဝေပေးလေ့ရှိပါတယ်။ ထန်းလျှက်လုံးတဲ့ မုန့်လုံးရေပေါ်က ချိုစိမ့်ပြီ သူအပေါ်မှာ ဖြူးထားတဲ့ အုန်းသီးခြစ် အရသာကြောင့် ပိုမိုကောင်းမွန်ပါတယ်။ သင်္ကြန်အကြိုနေ့မှာပဲ မုန့်လုံးရေပေါ်လေး တူတူလုံးလိုက်ကြအောင်…

မုန့်လုံးရေပေါ် ပါဝင်သောပစ္စည်း

၁။ ကောက်ညှင်းမှုန့် – နို့ဆီဘူး ၈လုံး ၂။ ဆန်မှုန့် – နို့ဆီဘူး ၂လုံး ၄။ ထန်းညက် – ၂၀ခု ၅။ အုန်းသီး – တစ်ခြမ်း (အုန်းခြစ်နဲ့ အရှည်လိုက်ခြစ်ပေးပါ) ၆။ Apple flavor color – လက်ဖက်ရည်ဇွန်း တဝက် (ရေအနည်းငယ်ဖြင့် ရောပါ) (ကြိုက်ရင် ထည့်ပါ။ မထည့်လည်း ရပါတယ်)

မုန့်လုပ်နည်း

၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။ ၂။ ပြီးမှ အရောင်ထည့်ချင်လျှင် Apple flavor color အစိမ်းရောင် ထည့်ပါ။ ၃။ ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။

၄။ ပြီးလျှင် ထန်းညက်များကို အတုံးသေးများတုံးပေးပါ။ ပြီးလျှင် အုန်းသီးကို အုန်းခြစ်ဖြင့် အရှည်လိုက် ခြစ်ပေးပါ။ ၅။ ပြီးမှ ထန်းညက်ခဲ များကို မုန့်ထဲ အစားသွပ်ပြီး မုန့်လုံးများကို လုံးပေးပါ။ ၆။ ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။

၇။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပါ။ ၈။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။ ၉။ ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။

၁၀။ ရေစစ်ပြီးလျှင် ဌက်ပျောရွက်ခင်းထားသော ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။ ၁၁။ အပေါ်မှ ခြစ်ထားသော အုန်းသီးများ ဖြူးပေးလိုက်ပါ။ ၁၂။ ထန်းညက် အစားသွပ် မုန့်လုံးရေပေါ်ကို စိတ်ကြိုက်စားသုံးနိုင်ပါပြီ…

သင်္ကြန် အတွက် ရွှေရင်အေး

သင်္ကြန်တွင်းလုပ်စားနိုင်ဖို့ နှစ်သစ်ကူး အထိမ်းမှတ်လေးနဲ့ ရွှေရင်အေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရွှေရင်အေးမှာက သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော အပြင် ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ စုံလင်စွာ ပါဝင်ပါတယ်။ အုန်းနို့လေးနဲ့လေးမို့ ချိုစိမ့်တဲ့ အရသာလေးကို ရရှိမှာပါ။ လုပ်နည်းလေးကို ကြည့်ရအောင်၊ ရွှေရင်အေး မလုပ်ခင် ကျောက်ကျော အရင်လုပ်ကြရအောင်

ကျောက်ကျောတွင် ပါဝင်သော ပစ္စည်းများ

၁။ ဂါးဂါး ကျောက်ကျော – ၁ထုပ် (အထုပ်သေး) ၂။ သကြား – ၂၅ကျပ်သား ၃။ အုန်းနို့(Coconut Cream) – ဘူးကြီး တဝက်

ကျောက်ကျော ပြုလုပ်နည်း

၁။ ဒယ်အိုး အကြီး တစ်အိုးထဲသို့ ရေသန့်ဘူး တစ်ဘူး မျှ ရေများကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ ၂။ ပြီးမှ သကြား အားလုံးကို ဒယ်အိုးထဲထည့်ပြီး ပျောအောင် တည်ထားပါ။ ၃။ ထို့နောက် ကျောက်ကျော ထုပ်ကို ရေအနည်းငယ် ရောမွှေပြီး ဒယ်အိုးထဲထည့်၍ ညောင်းစေးသည်အထိ မကြာမကြာရောမွှေပေးပါ။

၄။ ညောင်းစေးလာလျှင် အုန်းနို့များကို ထည့်ပြီး ရောမွှေလိုက်ပါ။ ၅။ ပြီးလျှင် ကျောက်ကျောရည်များကို ဗန်းထဲသို့ လောင်းချပြီး အအေးခံထားပေးပါ။ မှတ်ချက်။ ။ ကျောက်ကျော ၂ထပ်လုပ်ချင်ပါက အုန်းနို့အထည့်ခင် ကျောက်ကျောရည် တဝက်ကို ဗန်းထဲ အရင် လောင်းချလိုက်ပါ။ ပြီးမှ အုန်းနို့ထည့်ပြီး ကျန်ကျောက်ကျောရည် တဝက်နဲ့ရောမွှေ၍ အပေါ်မှ ထပ်လောင်းချပေးလိုက်ရင် ရပါပြီ။

ရွှေရင်အေး တွင်ပါဝင်သောပစ္စည်းများ

၁။ မုန့်လက်ဆောင်းဖတ် – ၁ပြည် ၂။ သာကူစေ့ (လုံးသေး) – ၂၀၀ဂရမ် ၃။ ကောက်ညှင်းပေါင်း – ၁၀ကျပ်သား ၄။ ကျောက်ကျော ၅။ အုန်းသီး – ၁လုံး (အရည်ညှစ်ပြီသား) ၆။ သကြား – ၃၀ကျပ်သား

ရွေရင်အေး ပြုလုပ်နည်း

၁။ အုန်းရည်များကို သကြားများဖြင့် သကြားအရည်ပျော်သည်အထိ ဇွန်းဖြင့် ခပ်နာနာလေး မွှေပေးထားပါ။

၂။ ပြီမှ သာကူကျိုပါမည်။ သာကူကျိုရန်အတွက် ဒယ်အိုး ၁အိုးထဲသို့ ရေပွက်ပွက်ဆူလာမှ သာကူများကို ထည့်ပြီး အဆက်မပြတ်မွှေပေးနေပါ။ သာကူစေ့များကို မပြဲစေပါနှင့်။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။

၃။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရပါပြီ။ ရပြီဆိုလျှင် ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

၄။ ထို့နောက် ပန်းကန်တစ်ခုထဲ သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ကို တပွဲစာစီပြင်လိုက်ပါ။

၅။ ပြီမှ အုန်းနို့ရည် ယောက်ချိုဇွန်းနှင့် ၁ ဇွန်းခန့်ထည့်ပြီ ရွှေရင်အေးကို ရေခဲတုံးလေးများ ထည့်ကာ သုံးဆောင်နိုင်ပါပြီ…

Wutyee Food House

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page