ကုန်ဈေးနှုန်းကြောင့် ၆၀၀ ကျပ်နဲ့ ရောင်းရလို့ စိတ်မကောင်းဖြစ်နေတဲ့ လှည်းကူး ဇလုံထမင်းဆိုင်ပိုင်ရှင်

လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ပြည်တော်သာ ၁၀လမ်းမှာ ၆၀၀ ကျပ်သာ ကျသင့်တဲ့ ဇလုံထမင်းဆိုင် ဖွင့်လှစ်ထားပါတယ်။

လှည်းကူးမြို့နယ်အတွင်းက လူတန်းစားအားလုံးအတွက် ကုသိုလ်လဲရ ဝမ်းလဲဝဆိုသလို စျေးတန်တန်နဲ့ မည်သူမဆို စားသုံးနိုင်တဲ့ ထမင်းဆိုင်လေးဖွင့်ဖို့ သူငယ်ချင်း ၂ ယောက်တိုင်ပင်ပြီး ရောင်းချပေးနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

လှည်းကူမြို့နယ်ရဲ့ ကုန်ဈေးနှုန်းအခြေအနေကြောင့် ဈေးအလျှော့နိုင်ဆုံးဖြစ်တဲ့ ၆၀၀ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်ကြောင်းလည်း ထမင်းဆိုင်မှတဦးက ပြောပြပါတယ်။

ဘာနေရာမှာပဲ ဖြစ်ဖြစ် ထမင်းတခါစား ၂၀၀၀ ကျော်နေတဲ့အချိန်မှာ ထမင်းတနပ်ကို ၆၀၀ ကျပ်နဲ့ စေတနာ ရှေ့ထားရောင်းပေးနိုင်တာဟာ ကြိုးစားအားထုတ်မှု အလွန်ကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။

အားပေးတဲ့သူတွေလည်း ဈေးသက်သာပြီး ဗိုက်ဝ ရောင်းချရတဲ့သူတွေလည်း စေတနာ ပီတိအကျိုး ခံစားရနဲ့ နှစ်ဦးနှစ်ဖက် ပြုံးပျော်ရွှင်ရတဲ့ ရလဒ်မျိုးထွက်ပေါ်လာနိုင်တဲ့ အာဟာရပြည့် ကုသိုလ်ရ ထမင်းဆိုင်လေးတွေ ဆက်လက် ပေါ်ထွက်လာဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page