သိကြားမင်းနဲ့ သိန်း ၅၀ ရသွားတဲ့ သူတောင်းစား ပုံပြင် (ခံယူချက်ဆိုတာ အရေးကြီးဆုံးပါပဲ)
တခါတုန်းကပေါ့။ မြို့တစ်မြို့မှာ သူတောင်းစား တစ်ယောက်ရှိတယ်။ ဆင်းဆင်းရဲရဲ တောင်းစားနေရတာကို မကြည့်ရက်လို့ သိကြားမင်းက လူပြည်ဆင်းလာပြီး” အသင် လူသား ငါသင့်ကို ကူညီမယ်၊ ဒါပေမဲ့ သင်ဘယ်လို လုပ်မလဲ ဆိုတာကိုတော့ အမှန်အတိုင်းပြောပါ။”
“ကောင်းပါပြီ သိကြားမင်း ” ” ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင်ဘာလုပ်မလဲ” ဆိုတော့ သူတောင်းစားက စဉ်းစားပြီး ဖုန်းဝယ်မယ်။ သိကြားမင်းက” ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲ”ဆိုတော့ သူတောင်းစားသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး … “ဘယ်နေရာ တောင်းကောင်းလဲမေးပြီး အဲဒီ ဒီနေရာ သွားတောင်းမယ်” တဲ့၊
သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝမပြောင်း ဘူးဆိုပြီး” ဒါဆို သိန်းငါးဆယ်ပေးမယ် ဘာလုပ်မလဲ” ဆိုတော့ သူတောင်းစားက တချက်ထပ်တွေးလိုက်ပြီး ပြောလိုက်တယ်။ ” ဆိုင်ကယ်တစ်စီးဝယ်ပြီး တောင်းလို့ ကောင်းတဲ့ နေရာတွေကို မြန်မြန်သွားတောင်းလိုက်မှာပေါ့ ” တဲ့။
သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး …” သိန်း တစ်ရာပေးမယ်ကွာ.. ဘာလုပ်မလဲ “မေးတော့ သူတောင်းစားက … “ကားဝယ်ပြီး တစ်မြို့လုံး လိုက်တောင်းမယ်” တဲ့။ သိကြားမင်းက မဖြစ်ပါဘူး …” နောက်ဆုံးအနေနဲ့သိန်းငါးရာပေးမယ်ဘာလုပ်မလဲ ” ဆိုတော့ …
သူတောင်းစားက ပျော်ပြီး “ဟာ တစ်မြို့လုံးမှာရှိတဲ့ သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုတ်ပြီး တစ်မြို့လုံးကို သူတစ်ယောက်တည်း တောင်းစားမှာပေါ့” တဲ့…။
သင့်ရဲ့ အတွေးအခေါ်ဟောင်းခံယူချက် အဟောင်းတွေမစွန့်နိုင်သရွေ့ သူတောင်းစားဘဝက လွတ်မှာမဟုတ်ဘူး။
မူရင်းရေးသားသူအား လေးစားမှုဖြင့်