တရားကို မရှည်ရှည်အောင် လုပ်သံကြီးနဲ့ ဟောနေတဲ့ ဘုန်းကြီးတွေကို ဒဲ့ပြောလိုက်တဲ့ ဘုန်းဘုန်း
တချို့ဘုန်းကြီးတွေ ဟောနေကြတဲ့ တရားတွေက ပါဠိတွေ ရွတ်လိုက်၊ အနက်တွေ ဆိုလိုက်၊ ကဗျာလင်္ကာတွေ ဆိုခိုင်းလိုက်၊ လုပ်သံကြီးတွေနဲ့ ပြောလိုက်နဲ့မို့သာ အချိန်တွေ ကြာနေတာ။ လိုရင်းကို မြန်မာလို ရှင်းရှင်း ပြောလိုက်ရင် ဘယ်လောက်မှတောင် အချိန်ကြာမှာ မဟုတ်ဘူး။
တရားနာပရိသတ်ကလည်း နားသာ ထောင်နေတာ၊ အများစုက ဘုန်းကြီးဟောတာကို နားလည်လို့ မဟုတ်ဘူး။ တရားပွဲထဲမှာ ဝင်ထိုင်ပြီး သာဓုခေါ်လိုက်ရင် ကုသိုလ်ရတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့သာ ပေတေပြီး ထိုင်နေကြတာ။ သူတို့လည်း ပူလောင်အိုက်စပ်နဲ့တော်တော်တော့ ပင်ပန်းမှာ။
တကယ်တန်း ဖြစ်သင့်တာက ဟောတဲ့ဘုန်းကြီးကလည်း ဟောချင်တာကို မြန်မာလိုပဲ ပြောနေကြအသံနဲ့ ရှင်းရှင်းပြော၊ လုပ်သံကြီးနဲ့ မပြောနဲ့။ နာတဲ့သူကလည်း ဘုန်းကြီး ဘာပြောတာလဲ ဆိုတာ သေချာနားထောင်။ အဲဒါဆို အချိန်တိုအတွင်း ပြီးတယ်။ ဟောမော နာညောင်း (ဟောသူလည်း မော၊ နာသူလည်း ညောင်းတာမျိုးတွေ) မဖြစ်တော့ဘူးပေါ့။
Ashin Thumana