ရုရှားယူကရိန်း စစ်ပွဲကြောင့် မြန်မာပြည်က ပဲပြုတ်တွေ ဈေးတက်တော့မယ် (ဒါတွေက ဖြစ်မှာပဲ)

ရှရှား၊ ယူကရိန်း စစ်ဖြစ်ပွားမှုကြောင့် မတ်လဆန်းပိုင်းရက်ကစပြီး ပြည်တွင်းသုံးကျွန်းစားတော်ပဲ ဈေးတက်လာသလို ဆက်တက်နိုင်ကြောင်း ပဲကုန်သည်တွေက ပြောပါတယ်။

ပြည်တွင်းကို တရုတ်လိုင်းကနေတင်သွင်းတဲ့ ကနေဒါ၊ ယူကရိန်းပဲတွေ ဝင်ရောက်လာခြင်း မရှိတော့တာကြောင့် ပြည်တွင်းကျွန်းစားတော်ပဲက ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း လက်ရှိပေါက်ဈေးက နည်းနေသေးကြောင်း နှင့် မနှစ်က ပဲရာသီကုန် ပေါက်ဈေး တအိတ် ကျပ် ၃၀၀၀၀၀ ကျော်ခဲ့ ကြောင်း ပွဲရုံပိုင်ရှင်တဦးက ပြောပါတယ်။ ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောပါတယ်။

၂၀၂၂ ခုနှစ် ပဲရာသီအသစ် မပေါ်ခင် ဇန်နဝါရီလကုန်ပိုင်းရက်တွေက ပြည်တွင်းသုံးများတဲ့ ကျွန်းစားတော်ပဲဟာ သုံးတင်းဝင် တစ်အိတ်ကျပ် ၃၁၀၀၀၀ ကျော်ထိ ပေါက်ရာက တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင် ဝင်ရောက်လာချိန်နဲ့ ပြည်တွင်းပဲသစ်မျိုးစုံ အသစ်ပေါ်လာတော့ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ သုံးတင်းတစ်အိတ်ကျပ် ၂၀၀၀၀၀ ထိဈေးကျဆင်းခဲ့ပါသေးတယ်။

အဲဒီလို ကျွန်းစားတော် အသစ်ဝင်ရောက်လာချိန် ဈေးကျဆင်းမှုရှိခဲ့ပေမယ့် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ယူကရိန်းနဲ့ ရှရှား စစ်ဖြစ်လို့ တရက် ကျပ် ၁၀၀၀၀-၂၀၀၀၀ နှုန်းနှင့် ဈေးတက်လာတာမှာ ၃သောင်းနားကပ်တဲ့ထိ ပေါက်ဈေးရှိ လာတာပါ။

ဒီနှစ် ပဲရာသီအသစ်ပေါ်ချိန်မှာ ကျွန်းစားတော်ပဲ ဖြစ်ထွန်းမှုနည်းပါးပြီး အရင်နှစ်ထက် အထွက်နှုန်းကျဆင်းထားခြင်း ၊ နိုင်ငံခြားအစားထိုးပဲ ကနေဒါ၊ ယူကရိန်းပဲများမဝင်ရောက်နိုင်ခြင်း၊ ပြည်တွင်းကျွန်းစားတော်ပဲမှာ စားသုံးရတာ အရသာပိုမိုကောင်းမွန်ခြင်းတို့ ကြောင့် လက်ရှိပေါက်ဈေးထက် ဆက်လက်မြင့်တက်လာနိုင်ကြောင်း ပဲကုန်သည်တွေက သုံးသပ်ထားပါတယ်။

စက်သုံးဆီ ဈေးနှုန်းမြင့်တက်ခြင်းနဲ့ အထွေထွေ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် ကဏ္ဍပေါင်းစုံ ဈေးနှုန်းများ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page