တောင်ငူပြန်စရာ စရိတ်မရှိလို့ ခုံးကျော်တံတားပေါ်မှာ အိပ်ပြီး တောင်းစားနေရတဲ့ အသက် (၇၀) အဖိုး

ဗိုက်အရမ်းဆာလို့…မစားတော့ဘူးဆို… ပန်းကန်ထဲ ကျန်တဲ့ဟာ…ကျွေးပါလား

ညီတယောက်နဲ့ ညစာ စားနေတုန်း…အဖိုး တယောက် အဝေးကနေ ရပ်ပြီ ကြည့်နေတာ သတိထားမိတယ်။ အဖိုးက ကျနော်တို့အနားရောက်လာပြီ…

သား…အဖိုး ဗိုက်အရမ်းဆာလို့…သား မစားတော့ဘူးဆို…ပန်းကန်ထဲက ထမင်းနဲ့ဟင်းကျန်တာလေး ကျွေးပါလား၊ ဟာ…အဖိုး ဗိုက်ဆာလို့လား (အဖိုးကြည့်ရတာ ခုနတည်းက လိုက်တောင်းနေပုံရတယ်…ညစ်ပတ် နံ့စော်နေတော့ ဘယ်သူမှ အနားကပ်မခံပဲ…မောင်းထုတ်ခံရလား မသိ)

ဟုတ်…သား မစားတော့ဘူးဆို အဖိုးကို ကျွေးနော်။ မဟုတ်တာ…အဖိုး ဗိုက်ဆာရင် လာ ထိုင်…ထမင်းနဲ့ဟင်း ကျွေးမယ်၊ အဖိုးက ညစ်ပတ်နေတော့ အားနာလို့ပါ…အဖိုးကို အဲ့ အကျန်လေး အိတ်နဲ့ ထုတ်ပေးလိုက်ပါ။

မဟုတ်တာ အဖိုးရာ…လာ ကျနော် ရှိတယ် မှာပေးမယ်နော်။ လာ ထိုင် စား…အဖိုး ကြက်သား ဟင်းနဲ့ လက်ဖက်သုပ်နဲ့ စားမယ်။ ဒါနဲ့ အဖိုး နာမည်လေး ပြောပါလား၊ အသက် ဘယ်လောက်ရှိပြီလဲ

ဦးဇော်မင်း…(၇၀)ပါ သား… မိသားစု မရှိဘူးလား…ဘယ်မှာနေတာလဲ။ သား တယောက်ရှိတယ်…သူက ဘန်ကောက်မှာ အဆက်သွယ်မရှိဘူး…အရင်က မိုင်းရှူးမှာ အလုပ်လုပ်တာ

အမ် မိုင်းရှူးကနေ ဒီကို အဝေးကြီး..ဘယ်လို ရောက်၊ သူငယ်ချင်း က ရန်ကုန်မှာ အလုပ်ရှိတယ်ဆိုပြီ ခေါ်လာပြီ…သူက ပစ်သွားတာ…အဖိုးလဲ မိတ်ဆွေ မရှိ…မသွားတတ် မလာတတ်နဲ့…အဲ့ ဂုံးကျော်တံတားလေးပေါ်မှာ အိပ်တာ၊ ပါလာတဲ့ အဝတ်အစား ပိုက်ဆံတွေလဲ အခိုးခံရပြီ…ဒီ ဝတ်ထားတာလေးပဲ ကျန်ခဲ့တာ။

ဟာ…အဖိုးဟာကလဲ ဗျာ… ဒါနဲ့ အဖိုး ခု ကျနော်နဲ့ တွေ့ပြီ…ဘာလုပ်ချင်လဲ၊ ရိပ်သာမှာ နေချင်လား၊ အဖိုးမှာ အမ တယောက်ရှိတယ်…သူက တောင်ငူမှာ နေတယ်… အဖိုး သူ့ဆီ ပြန်ချင်တယ် သား

ဟုတ်ပြီ အဖိုး… မနက်ကျ တောင်ငူကို ပို့ပေးမယ်နော်…အဖိုး ခု ထမင်းကို ဝအောင်စားနော်…အားမနာနဲ့၊ ကျေးဇူးပါ သားရယ်…အဖိုး ခု အိပ်တဲ့နေရာလေးမှာ မနက်ကျ စောင့်နေမယ်နော်

ဘယ်နေရာလဲ အဖိုးအိပ်တာ…ပြပါအုံး၊ လာ သား…အဖိုးပြမယ်။ (တူတူ သွားကြည့်တော့…အမှိုက်တွေနဲ့…သေးနံ့တွေကလဲ နံ့ဟောင်နေရော ) ဒီနေရာလေးမှာ စောင့်နေနော်…အင်္ကျီနဲ့ပုဆိုးလဲ ယူခဲ့မယ်နော်..တောင်ငူပြန်မယ်နော်

အဖိုး သားကို မျှော်နေမယ်နော်…မနက် အဖိုး စောင့်နေမယ်နော်…လာခေါ်ပါနော် သား…အဖိုးကို ပို့ပေးပါနော်။ ညဆို ခြင်တွေ အရမ်းကိုက်တယ်…ခွေးတွေကလဲ သေးတွေ ချီးတွေလာလာပါတော့…အဖိုးကို ကယ်ပါနော်၊ စိတ်ချ အဖိုး…ရအောင် ကယ်မှာနော်…မနက် စောင့်နေနော် လာခေါ်မယ်

ဪ…ဆီစျေး (၁၇၀၀)ကျော်နေပေမဲ့…အဖိုးကို ရအောင် ကယ်ပြီ ပို့ပေးမယ် ဗျာ

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page